13{ U+Z }

4.9K 162 11
                                    

မြစ်ဘေးက ကျောက်ဆောင်ပေါ်မှာ ထိုင်ကာ မတည်ငြိမ်သေးတဲ့ စိတ်ကို တည်ငြိမ်အောင် ဆေးလိပ်တစ်လိပ်ကို လက်ကြားညှပ် ပန်းဆီရောင် နှုတ်ခမ်းလွှာကြားကနေ တစ်ရှိုက်ရှိုက်ကာ မီးခိုးငွေ့နဲ့အတူ ပူလောင်တာတွေကို မှုတ်ထုပ်လိုက်ကာ တိုးဖွဖွ ထပ်ကာထပ်ကာ ေခါ်နေမိတဲ့ နာမ်စားလေး

"ခင်"

လေးလံနေတဲ့ စိတ်အဆင်ဟာ ကမ်းစပ်ကို လာလာရိုက်ခတ်နေတဲ့ ရေလှိုင်းသံ ၊မြစ်ရေပေါ်က ဖြတ်သန်းတိုင်ခိုက်လာပြီး ​မျက်နှာပြင်ပေါ် ဖြတ်သွားတဲ့ လေးအေးအေးလေးတွေ ၊ကောင်ကင်ကို မော့ကြည့်တော့ ကြည်လင်နေတဲ့ အပြာရောင် ပိတ်ကား ဒါတွေဟာ အနည်းငယ်တော့ စိတ်ပေါ့ပါးစေသည်မှာအမှန်။

မျက်နှာချင်းဆိုင်က တောင်တန်းတွေကို ကြည့်မိတော့လည်း မှိုင်းညှိ့ညှိ့တောင်တန်းတွေဟာ လွမ်းစိတ်တွေကို ပိုစေလာသလို၊အထီးကျန်သလိုလို ခံစားမှုကို ပေးစွမ်းနိုင်သည်လေ။တစ်ကိုယ်တည်းကြားရုံလောက်သာ ကောင်ကင်ကို မော့ကြည့်ပြီး စကားတွေ ပြောနေမိသည်။

"ခင်...ခင်...ခင်...ချစ်မိတော့လည်း ရူးရတာပါပဲလားခင်ရယ်။ခင်ကသာ တစ်ခြားတစ်ယောက်ကို လက်ထပ်ရင် မောင်လေ မောင်..သေသွားနိုင်တယ်ဆိုတာ သိရဲ့လားဟင် သိရဲ့လားလို့။"

မောင့်ရဲ့ မျက်ရည်များဟာ ပါးပြင်ပေါ်မှတစ်ဆင့် ကျောက်ဆောင်ပေါ်သို့ ခစားနေလေပြီ။

"ခင် မောင့်ကို နည်းနည်းလေးတောင် မချစ်ခဲ့ဘူးလား ခင်ရယ်။အဲဒီ့...အဲ့ဒီ့ မဂ်လာဆောင်ကို မောင်က မောင်က ဘယ်လိုစိတ်မျိုးနဲ့ လာရမလဲ ခင်ရယ်။ရက်စက်တယ်လို့လဲ မပြောရက်သလို။မုန်းလို့လည်း မရဘူးခင်ရယ်။မောင့်အတွက် ထွက်ပေါက်ဟာ ခင်ဖြစ်နေတော့လည်း ခတ်သားခင်ရယ်။ခတ်သား"

သက်ပြင်းကို အကြိမ်ကြိမ်ချ၍သာ လက်ထဲက ဆေးလိပ်ကို ရှိုက်ရှူနေမိသည်။စိတ်ထဲတွင်တော့ အကြားချင်ဆုံး အသံလေးကို စိတ်ကူးရင်း

"မောင်"

ကြားလိုက်ရတဲ့ ခေါ်သံလေး။ ဒါဟာ အကြားချင်ဆုံး အသံလေး။အတွေ့ချင်ဆုံး မောင်ချစ်ရတဲ့ ခင်...ခင်ဟုတယ်မလား။စိတ်ထဲမှာ မျှော်လင့်ချင်းတွေနဲ့ အနောက်ကို လှည့်ကြည့်မိတော့

မောင်ချစ်သော အညာသူ ( gl fic)   Where stories live. Discover now