"ခတ်ပါ့မောင်ရယ် ယမုံပြောတာကိုလည်း နားထောင်ပါဦးလားလို့.."
ဟိုက ဖုန်းလေးဆက်တာနဲ့ မနေနိုင်မထိုင်နိုင် ဖြစ်နေသော မောင့်ကို အမြင်ကတ်တာမို့ တမင်ကို အချိန်ဆွဲနေခြင်း ဖြစ်သည်။
"ယမုံ ပြောစရာရှိတာပြော မေစောင့်နေတော့မှာ ယမုံရဲ့"
"သူက နင့်ကို တကယ်ချစ်လို့လား မောင်ရယ်"
"မေက ငါ့ကိုချစ်ပါတယ်"
မောင်ကတော့ သေချာတယ်ဆိုတဲ့ ပုံစံနဲ့ကို အတိအကျပြောနေသည်။ယမုံလည်း မောင့်ရဲ့ လက်တစ်ဖက်ကိုဆွဲလို့ မောင့်ကိုကြည့်တော့ မောင်ကလည်း ယမုံကို ကြည့်နေသည်။
"မောင် နာကျင်မှာကိုတော့ ယမုံစိုးရိမ်တယ်ကွယ်"
မောင်က ယမုံ့ လက်ကို အသာဖယ်လို့
"စိတ်ချပါယမုံ မေကအဲ့လိုလူမျိုးမဟုတ်တာမို့ ငါ့ကိုနာကျင်အောင် သူမလုပ်ပါဘူး....
သွားတော့မယ် ယမုံ ပြန်မှဆက်တာပေါ့ ဟာ နော်"ယမုံ့ပုခုံးကိုပုတ်လို့ ခေါင်းငြိမ့်ပြုံးပြကာ မေ့ဆီကို အပြေးလေး ထွက်သွားတဲ့မောင်။မောင် ဖယ်ချခဲ့တဲ့ လက်ကလေးကိုကြည့်လို့
"မောင်နာကျင်ရမယ်ဆို ယမုံ နောက်ဆုတ်ပေးခဲ့ရတာ မတန်ဘူးလေ မောင်ရယ်"
.................
"ဥက္ကာ ရူးနေတာလားဟ"
"ငါက ယမုံ့ကို ချစ်ခွင့်ပန်မှာကို ဘာလို့ ရူးတာဖြစ်ရမှာလဲဟ"
"အငြင်းခံရမှာ သိရက်နဲ့ ရှေ့ဆက်တိုးချင်တဲ့ နင့်ကိုလည်း ငါမပြောချင်တော့ဘူး ဥက္ကာရယ်"
"ယမုံ့ကို တကယ်ချစ်တာပါ"
ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်း ဥက္ကာရဲ့ အချစ်အကြောင်း တွေးမိတော့လည်း ရင်လေးမိသည်။
"ဟိုမှာ နေခြည်မောင်တို့မလား"
မျက်လုံးလေး ကစားရင်း အခြားဝိုင်းကို ကြည့်မိတော့ နေခြည်တို့ကို မြင်တာမို့ ရတီက ဥက္ကာကိုပြောတော့
"ဟုတ်သားပဲ...သူတို့ တော်တော်ပျော်နေကြတာပဲ"
"ဟုပါ့..ဟုပါ့...ဒါပေမယ့်သူတို့ကို မနှောက်ယှက်တော့ပါဘူးလေ... ခနနေရင် ယမုံလည်း လာမှာဆိုတော့"
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
غير روائيအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။