"မောင် ယမုံ့ကို မိတ်ဆက်ပေးစရာရှိတယ်ဆို"
ဒီနေ့က ယမုံတို့ ကျောင်းစတတ်တဲ့နေ့ မောင်နဲ့ ယမုံ ကန်တင်းမှာထိုင်ပြီး ချိုရည်သောက်ရင်း ယမုံမေးတော့ မောင်က ခေါင်းငြိမ့်ပြပြီး လက်က နာရီကိုကြည့်ကာ
"ဟုတယ်ယမုံ ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမယ်..ခနနေရင် သူလာလိမ့်မယ်"
"ဟုပါပြီရှင် "
"ဟော ပြောရင်းဆိုရင်း လာပါပြီ ဟိုမှာ "
မောင်က ရှေ့တည့်တည့်ကိုကြည့်ပြီး မျက်စာပစ်ပြကာ ပြောတော့ ယမုံလည်း မောင်ပြတဲ့ ဆီ ကြည့်လိုက်ချိန် အပြာနုရောင် တီရှပ်ကို ဂျင်းနဲ့တွဲဝတ်ထားတာပြီး ဆံပင်တိုတိုကိုမှ ဂျယ်နဲ့သေချာသပ်သင်ထားသည်မို့ လူချောတစ်ယောက် ဖြစ်သည်ဆိုတာတော့ လက်ခံပါသည်။
"စောင့်နေရတာ ကြာပြီလား ရှင်းသန့်"
ဘေးက လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်ရင်း မောင့်ကို ကြည့်ကာ မေးနေတဲ့ သူ့မျက်ဝန်းတွေကို ယမုံတကယ်မကြိုက်ပါ။
"ယမုံတို့ စောင့်နေတာတော့ ကြာပြီ အချိန်လေးတော့ လေးစားမှပေါ့ရှင့်"
ရုတ်တရက် ထပြောတဲ့ ယမုံ့ကို အခုမှ သတိထားမိသည်ထင် ။မောင်ကတော့ ယမုံ့လက်ကို အသာတို့လို့ နားနားကပ်ကာ
"အခုမှ တွေ့တာကို ဘာလို့ ရန်လုပ်နေတာလဲ ယမုံ"
"ဟွန့်"
မျက်စောင်းလေးခဲလို့ ချိုရည်ပိုက်ကိုပဲ ရန်ရှာနေတဲ့ ယမုံ။တကယ်ပါ အခုမှ တွေ့တာပေမဲ့ သူ့ကို ယမုံသဘောမကျပါ။အဆိုးဆုံးကတော့ ပြိုင်ဘက်တွေများ ဖြစ်လာမလားပဲ"
"ကဲပါ ငါပဲ မိတ်ဆက်ပေးပါ့မယ်
"ငြိမ်သက်နေတဲ့ စကားဝိုင်းကို စတင်ခဲ့သူက မောင် ။မောင်က သူ့ဘေးက တစ်ယောက်ကိုကြည့်ပြီး ယမုံဘက်ပြန်လှည့်ကာ
"ဉက္ကာ ဒါက ယမုံခင်တဲ့ ငါ့ရဲ့ အချစ်ရဆုံး သူငယ်ချင်းလေးပေါ့"
"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်"
"ယမုံ ဒါက ဉက္ကာမောင်တဲ့ ငါရဲ့..."
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Kurgu Olmayanအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။