Episode 10

568 39 0
                                    

'အန်တီတင့် ဝဋ်ခံရတော့မှာဘဲ'

'လှလှလေးပေါ့'

'ဟော မုန့်လာပြီ'

'ဗိုက်ဆာနေတာလား'

'အဲလို မဟုတ်ပါဘူး အစားဆိုရင် တက်ကြွနေပြီးသားမို့လေ'

'တကယ်ပါဘဲ'

'တအားမစပ်ဘူးနော်'

'လျှော့ခိုင်းထားတာ အထုံရော သမီးက ထုံစေ့နဲ့မတည့်ချင်ဘူးလေ အဲတာကြောင့်'
'ကြိုက်ရောကြိုက်ရဲ့လား'

'အင်း မဆိုးပါဘူး'

'သမီးက အပြင်စာတွေ တအားစားတတ်တာ ချိုတဲ့ဟာတွေကလွဲရင်ပေါ့'

'အချိုမကြိုက်တာလား'

'စားရင်ခေါင်းမူးတယ်လို့ ခံစားရလို့လေ'

သူ တော်တော်ကြိုက်တဲ့ပုံပါဘဲ။ တစ်ခုပြီးတစ်ခုကို အားရပါးရ စားနေလိုက်ပုံများ

'တော်တော်သဘောကျနေပုံဘဲ'

'ဒီက မာလာရှမ်းကောကိုကြိုက်တယ်။ ရန်ကုန်မှာဆို ဒီဆိုင်ဘဲ စားတာ။ တခြားဆိုင်က မာလာရှမ်းကောတွေ မကြိုက်ဘူး'

'စားပြီးရင် ဘယ်သွားဦးမလဲ'

'အိမ်ပြန်ရမှာပေါ့ ဘယ်သွားရမှာလဲ'

'တစ်နေရာရာများသွားစရာရှိလားလို့လေ'

'မရှိပါဘူး'
'ဒါနဲ့ အန်တီတင့်က အလုပ်ကော လုပ်သေးရဲ့လား'

'အဲအတွက် စိတ်ချပါ တို့အလုပ်ကတော့ ပုံမှန်လုပ်ပါတယ်'

'သမီးကြောင့် အလုပ်မပျက်စေချင်လို့ပါ'

အဲလိုလည်း တွေးပေးတတ်သေးတာဘဲ။
သူ့ကွန်ဒိုအောက်ကို ရောက်တဲ့အခါမှာတော့

'သွားတော့မယ်နော်'

'ညနေကျ ဖုန်းဆက်လိုက်မယ်နော်'

''ဟုတ်'

ဒေါ်တင့်လည်း အိမ်ကိုဘဲ တန်းပြန်လာခဲ့လိုက်တယ်။ သိမ့်ပြောသလို အလုပ်လုပ်ရဦးမယ်လေ။
...........
တစ်ပတ်တဲ့။ အင်း အချိန်တွေက မြန်လိုက်တာ။

တစ်ပတ်အတွင်းမှာ ဘာတွေထူးခြားလာသလဲဆိုရင်
သိမ့်နဲ့ပိုပြီး ရင်နှီးလာတယ်။ သူ သင်တန်းမရှိတဲ့ရက်တွေမှာတောင် သူ့နဲ့အတူ မုန့်စားဖြစ်တယ်။ သူ့အကြောင်းကိုပိုသိလာအောင် ကိုယ့်ဘက်က မေးခွန်းတွေနဲ့ စကားတွေဖောင်ဖွဲ့ပြောခဲ့တယ်။ ဒီလောက်ပါဘဲ။

Tint's DaisyWhere stories live. Discover now