'ဒေါ်တင့် နင် အဆင်ပြေရဲ့လား'
'အင်း'
'အေးပါ ညကျရင်တော့ လိုင်းတက်မယ်မလား'
'အခြေအနေအရပေါ့''ဒါဘဲနော်'
'သိမ့် ဒီမှာ'
'စောင့်နေပြန်တာဘဲ'
'ဘယ်လောက်ကြာကြာပေါ့'
'ဒီနေ့ရော ဘယ်သွားမှာလဲ'
'ဟိုတစ်ခေါက်က သိမ့်ပြောတယ်လေ။ စောင့်ရတာ ကြာမယ့်နေရာဆိုပြီး'
'အာ ဟုတ်သားဘဲ။ ဒါနဲ့ အန်တီတင့်က ဟိုနေ့ကပြောတော့ စောင့်ရတာ မကြိုက်ဘူးဆို'
'သိမ့်က ချွင်းချက်။ သိမ့်က တို့မလုပ်ဖူးတဲ့အရာတွေကို လုပ်နိုင်ရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းပြချက်'
နှုတ်ခမ်းကိုမဲ့ပြပြီး ခေါင်းငြိမ့်သွားလေရဲ့
'ဘယ်ကိုမောင်းရမှာလဲ'
'နီးနီးနားနား ထုံးစံအတိုင်း JS ဘဲပေါ့'
'Ok'
JS ကိုရောက်တော့ ကားပေါ်ကဆင်းဆင်းချင်းဘဲ လူတစ်ယောက်နဲ့တွေ့တော့
'တင့်မဟာနွယ် မလား'
'ဘယ်သူ'
'ငါလေ မြင့်ရတနာခိုင် တက္ကသိုလ်တုန်းက နင်နဲ့ တစ်ခုံတည်းထိုင်ခဲ့တဲ့သူ'
'တောင်းပန်ပါတယ် ငါ မမှတ်မိဘူး'
'အေးပါ နင်က အဲလိုဘဲကို'
'သမီးလား'
'မဟုတ်'
'နင်ဘယ်တုန်းက အိမ်ထောင်ကျသွားတာလဲ။ အဲတာကြောင့်ပြောတာ အိမ်ထောင်မပြုဘူးလို့ပြောတဲ့သူက အရင် အိမ်ထောင်ကျတယ်ဆိုတာ။ ဒါနဲ့ နင့်သမီးလေးက ချစ်စရာကောင်းလိုက်တာ'
ဇွတ်ရော အတင်းရော ပြောပြီး သိမ့်ကို ခေါင်းတွေပွတ် မျက်နှာတွေကိုင်နေတဲ့ သူရယ်ပါ။
'သမီး မဟုတ်ဘူးလို့' ဒေါသသံနဲ့ အော်မိလိုက်တာပါ။
'ဘာလို့ စိတ်တိုနေတာလဲ'
သိမ့်ကို ကိုယ့်နောက်ကိုပို့လိုက်ပြီး
'ငါ့ အသိ'
'အာ တောင်းပန်ပါတယ်'' နင် ကျောင်းတုန်းကအတိုင်း ဒေါသကြီးတုန်းဘဲ'

YOU ARE READING
Tint's Daisy
Romance'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'