'အဲတာ ဘယ်သူလဲဟင် သိမ့်'
'အသိအန်တီတစ်ယောက်ပါ'
'သူ့ကြည့်ရတာတစ်မျိုးဘဲ'
'ဟုတ်လား သမီးအတွက်တော့ ပုံမှန်ပါဘဲ။ ဒါနဲ့ အပြင်သွားမှာလေ သမီးအရင်ဝင်ချိုးရဖို့လား'
'ရတယ် ရတယ် အမ အရင်ချိုးလိုက်မယ်'
သိပ်ပြီး ခေါင်းမာတာဘဲ အန်တီတင့်ရယ်။ ဘာလို့ ကိုယ့်ဘာသာကိုယ် ဒုက္ခပေးနေရတာလဲ ဟင်။
'သွားရအောင် အမ ပြီးရင်'
'ဟိုနှစ်ယောက်ကို စောင့်ရအောင်'
လူစုပြီးတာနဲ့ ကွန်ဒိုအောက်ကို ဆင်းလာခဲ့ကြတယ်။
ကားဌားပြီး သွားပြီးမုန့်စားမယ့်နေရာကိုလာခဲ့ကြတယ်။'တရုတ်တန်းကို သွားနေတာဘဲ'
ဒေါ်တင့်မဟာနွယ်တစ်ယောက် တကယ်တော့ အိမ်မပြန်သေးဘဲ စောင့်နေခဲ့တာပါ။ သူနဲ့မထွက်ချင်လို့ အပြင်သွားမှာလို့ ပြောတယ်ထင်နေခဲ့တာ။ တကယ်ကို သွားစရာရှိနေလို့ သူ့ကို ငြင်းခဲ့တာဘဲ။ကြည့်ပါဦး ပျော်နေလိုက်တာ။ တစ်ခါမှ မရောက်ဖူးတဲ့ပုံနဲ့။
ဈေးတန်းကို လျှောက်ကြည့်ရင်းနဲ့မှ ဘေးနားက သူနဲ့gymကနေ အတူပြန်လာတဲ့ ကောင်မလေးရဲ့လက်ကို ချိတ်လိုက်တာဘဲ။ ဘာလို့ ချိတ်လိုက်တာလဲ။
အကြော်ဆိုင်နားရောက်တော့ အကြော်ဝယ်စားကြထင်ပါ့။
'သိမ့်က တို့ကို ဝမ်းနည်းအောင် လုပ်နေတာဘဲ'
အဲကောင်မလေးကဘဲ သိမ့်ကို အကြော်ကိုခွံ့ကျွေးလိုက်တဲ့ပုံစံတွေ။ သိမ့်က တစ်ရှူးထုတ်ပြီး အဲကောင်မလေးလက်ကို သုတ်ပေးနေတဲ့ပုံစံတွေ။ ရီပြလိုက်တဲ့ ပုံစံတွေ။
'နာကျင်ရပေမဲ့ တို့ရွေးချယ်ထားတာမို့ ဝမ်းနည်းရုံကလွဲ ဘာတတ်နိုင်မှာလဲ သိမ့်ရယ်'
၁၉ လမ်းထဲ အတော်အတန်လျှောက်ပြီးတဲ့အချိန်မှာ နန်းချယ်ရီ ဆိုတဲ့ စားသောက်ဆိုင်ထဲ သူတို့ဝင်သွားကြတယ်။
'ဆိုင်ထဲကို ဝင်ထိုင်ရင် ရိပ်မိနေမှာ။ ဒီနေ့တော့ ဒီလောက်ဘဲပေါ့ ငါလည်း တစ်ခုခုစားသင့်တယ်ထင်ပါရဲ့'

YOU ARE READING
Tint's Daisy
Romansa'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'