Episode 14

505 37 1
                                    

ဒေါ်ခင်မျိုးနွယ် တစ်ယောက် အိပ်ရာပေါ်မှာ လှဲလျောင်းနေပေမဲ့ အိပ်မပျော်ပါ။ သူ ပြန်ရောက်ရောက်ချင်းနဲ့တင် မြင်လိုက်ကြားလိုက်တွေ့လိုက်ရတဲ့ မြင်ကွင်းတွေဟာ သူ့ရဲ့စိတ်တွေကို လွန်ဆွဲနေခဲ့ပါတယ်။

အချစ်ရဆုံးသူမလို့ တစ်ဦးတည်းသော အချစ်ဆုံး သူငယ်ချင်းမို့ သဝန်တိုခြင်းဖြစ်ပါစေလို့ နွယ်နဲ့သိမ့်ကိစ္စကို စစသိရချင်းတုန်းက တွေးခဲ့ပေမယ့်
အဲထက်ကျော်လွန်တဲ့ စိတ်နဲ့ သဝန်တိုမိနေပြန်တယ်။

အိပ်ဖို့ကြိုးစားရင်း အတွေးတွေကို ဖျောက်ရင်း အိပ်ရာပေါ်မှာ နေနေပေမဲ့ အိပ်လို့မရတဲ့အဆုံး အခန်းအပြင်ကို ထွက်ဖို့ လုပ်လိုက်ပေမဲ့ အပြင်က ကြားလိုက်ရတဲ့ စကားနှစ်ခွန်းကြောင့် ရင်ဘတ်တစ်ခုလုံး အောင့်တက်လာသလို ခံစားရတယ်။ တစ်ခုခုကို ဆုံးရှုံးရတော့မယ့်အတိုင်း မျက်ရည်စတွေကျလာခဲ့ပြန်တယ်။

'မာမီ ဘေဘီလေးကို ချစ်တယ်နော်'

'သမီးရောဘဲ'

နွယ်နဲ့ပက်သက်လာရင် ဒေါ်ခင်မျိုးနွယ်ဟာ ငယ်ငယ်လေးကတည်းက မျက်ရည်လွယ်တတ်သူ၊ စိတ်ခံစားလွယ်တဲ့သူ ဖြစ်ခဲ့တာ။

'မဖြစ်သင့်ဘူးလေ ခင်မျိုးနွယ် မဖြစ်သင့်ဘူး။ နွယ့်မှာ နွယ်ချစ်ရတဲ့သူ ရှိနေပြီလေ'

ပိုင်ဆိုင်လိုစိတ်ကို တားဆီးနေတဲ့စိတ်နဲ့ ချစ်တာကို ဖော်ပြချင်နေတဲ့ စိတ်တို့ဟာ ဒေါ်ခင်မျိုးနွယ်ရဲ့ နှလုံးသားထဲမှာ လွန်ဆွဲနေပါ့ရော့လား။

တံခါးလက်ကိုင်ကို ဆုပ်ကိုင်ရင်း အချိန်အတော်ကြာ ရပ်နေမိတယ်။ တိုက်ခန်းရှေ့က တံခါးပိတ်သံကို ကြားမိမှ သိမ့် ပြန်သွားပြီဆိုတဲ့ အသိဝင်လာခဲ့တယ်။

မျက်ရည်တွေကို သုတ်ပြီး မျက်နှာထားကိုပြင်ကာ အပြင်ကို ထွက်လာခဲ့လိုက်တယ်။

'ခင်မျိုးနွယ် နင် မအိပ်ဘူးလား'

'အိပ်ချိန်ဘဲ မဟုတ်လို့လား မသိ။ အိပ်မပျော်ဖြစ်နေလို့'

'ဟုတ်လား'

'နင်ကရော အလုပ်မလုပ်ဘူးလား'

'အခု လုပ်တော့မလို့လေ၊ နင် ပြောစရာရှိသေးလား'

Tint's DaisyWhere stories live. Discover now