မနေ့က ပစ္စည်းတွေပြန်ချရတာ ပင်ပန်းတာကြောင့် တော်တော်လေး အိပ်ပျော်နေခဲ့တာ။ ဖုန်းသံကို သုံးလေးခါလောက်ကြားမှ နိုးလာခဲ့တယ်။
'အင်း ဘာလို့ အဲလောက်ဆက်နေတာလဲ'
'ငါ့ကို လာကြိုခိုင်းဖို့'
'ဟင်'
'ငါ ပြန်လာနေပြီ။ ရောက်ရင် ဖုန်းဆက်လိုက်မယ်။ လာခေါ်မယ်မလား'
'ငါ အားရင် လာခေါ်မယ်လေ'
'နွယ်...'
'ဘာလို့ အော်နေတာလဲ'
'ငါ့မှာ နင်ဘဲ ရှိတာလေလို့။ လာခေါ်ပါဟ'
'အေးအေးအေး'
'ပြီးရော'
'ဒါဘဲ မလား။ ဖုန်းချလိုက်တော့'
'ဘယ်နှစ်နာရီရှိပြီလဲ'ဖုန်းထဲက အချိန်ကိုကြည့်မိတော့
'၈ နာရီကိုထိုးပြီးသွားတာလား။ ဘေဘီလေးနဲ့ချိန်းထားတာကို'
အဲဒီအခါကျမှ ရေချိုးသန့်စင်ဖို့ ရေချိုးခန်းထဲကို ပြေးဝင်မိတော့တယ်။
........
'မနက်စာ သွားစားမယ်ပြောပြီး အခုထိ ဖုန်းမဆက်သေးဘူးဘဲ၊ အန်တီတင့် ဘာလုပ်နေတာပါလိမ့်၊ သူ့ဘက် သွားကြည့်ရင်ကောင်းမလား။ မဟုတ်သေးပါဘူး''ဘယ်သွားမလို့လဲ သိမ့်။ ဒီနေ့ သင်တန်းမရှိဘူးမလား'
'အပြင်သွားစရာရှိလို့ပါ'
'တို့နဲ့ လိုက်မလား။ ရုံးမသွားခင် တစ်ခုခု ဝင်စားကြမယ်လေ'
'ရပါတယ် အမဝတီရဲ့'
'တစ်ယောက်ယောက်ကို စောင့်နေတာလား'
'ရီနေတဲ့ပုံကြည့်ရင် ဟုတ်နေတာဘဲ'
'ကောင်းပြီလေ အဲဆို အမ သွားပြီ''ဟုတ်'
အမြဲ စိတ်လှုပ်ရှားရသလို ပျော်လည်းပျော်မိတယ် အန်တီတင့်။ အန်တီနဲ့ တွေ့ရမယ့်အချိန်တိုင်း အဲအချိန်မရောက်ခင် အဲအချိန်ကို တွေးကြည့်မိရုံနဲ့ သမီး ပျော်တယ်။
အတွေးနဲ့ပျော်နေတုန်း ဖုန်းဝင်လာတယ်။
'ဟုတ် အန်တီတင့်'
'.......'
'ရပါတယ် အဲဆို သမီး ထွက်လာခဲ့မယ်'
'.......'
YOU ARE READING
Tint's Daisy
Romantizm'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'