Episode 13

444 29 0
                                    

'တို့ ရှေ့မှာ ထိုင်ချင်လို့ ရတယ်မလား'

'ရပါတယ် အန်တီရဲ့ သမီး ဘယ်နားကထိုင်ထိုင် အဆင်ပြေပါတယ်'

'ခင်မျိုးနွယ်...'

'ဘာလဲ....သူကတောင် လက်ခံတာကို နင်ကဘယ်လိုဖြစ်နေလဲ'

ကားထဲရောက်တဲ့အချိန်.....

'ဘေဘီလေး မာမီ့နောက်ဘက်ခြမ်းမှာထိုင်နော်'

'ဘာလို့လဲဟင် အန်တီတင့်'

'မှန်ထဲကနေ ဘေဘီလေးမျက်နှာကို မြင်ရအောင်လို့'

'အမယ်လေး ပိုလိုက်တာ နွယ်ရယ်'

ငြင်းဆန်ခြင်းမရှိပေမဲ့ ရှက်သွားပုံရပါတယ်။ ခေါင်းကို ငုံ့ထားလိုက်တာများ အောက်ကို ပြုတ်ကျမတတ်ဘဲ။

'နင် တိုက်ခန်းပြောင်းတာ အဆင်ပြေရဲ့လား'

'အင်း'

'တစ်ခုခု ဝင်စားရအောင်လေ၊ ငါ ဗိုက်ဆာနေလို့ နွယ်'
ဗိုက်ဆာနေတာ ကျွန်မဖြစ်နေပေမယ့် နွယ် မေးလိုက်တဲ့ မေးခွန်းကြောင့် စိတ်က အတော်လေးညှိုးနွမ်းမိသလိုမျိုး ခံစားလိုက်ရတယ်။

'ဘေဘီလေးရော ဗိုက်ဆာနေပြီလား။ ဘာစားချင်လဲ'

ကောင်မလေးကို ကြည့်လိုက်တော့ ကျွန်မကို အားနာသွားပုံရတယ်။

'သမီးက အဆင်ပြေပါတယ် အန်တီတင့်ရဲ့'
'အန်တီနွယ် ဘာစားချင်လဲဟင်'

'အပြန်လမ်းမှာ အဆင်ပြေလောက်မယ့်ဆိုင်ဆို ရပါပြီ'

'အဲတာဆိုရင် အန်တီတင့်
အဆင်ပြေတဲ့ ဆိုင်တွေ့ရင် ရပ်စားကြမယ်လေ နော်'

'ဘေဘီလေးသဘော'

နွယ်ရယ် ငါ့ကို မမြင်တာလား။ မမြင်မိတာလား။
နင် အဲလိုတွေလုပ်နေတဲ့အခါ မုဒိတာပွားရမယ့် ငါ့စိတ်ကလေ နည်းနည်းလေး ပျက်စီးချင်မိလိမ့်မယ်ထင်တယ် နွယ်ရယ်။

နည်းနည်းကြာအောင်မောင်းလာပြီးနောက် Classic Tea Shop မှာဘဲ ဆိုင်ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

'ဘာစားမလဲ ခင်မျိုးနွယ်'

'ဟင်'

'နင် စာအုပ်ကိုဘဲ မလှန်ဘဲ တွေးနေလို့လေ'

Tint's DaisyWhere stories live. Discover now