Episode 1

558 37 0
                                    

'အဲတာဆို ကျွန်တော်တို့ ဘယ်နေ့လောက် စလို့ရမလဲ'

'အဲဒီဘက်က စာရင်းတွေကို စပို့တာနဲ့ ကျွန်မ တန်းလုပ်ပေးမှာပါ အမှားအယွင်းမရှိစေရပါဘူး'

'အဲတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်ဗျာ'

'ကျေးဇူးပါ  ခွင့်ပြုပါဦး'

စကားကို ခပ်ပြတ်ပြတ်ပြောတတ်သောသူမအကျင့်။ ယုံကြည်မှုအပြည့်နဲ့လမ်းလျှောက်တတ်ပုံက သူ့ရဲ့ လေဒီရှူးမှာ အမြဲကပ်ပါနေသလိုမျိုး။

'တော်တော်ထက်မြက်မယ့် အမျိုးသမီးဘဲနော် ဆရာ'

'Accounting လောကမှာ နာမည်တစ်ခုနဲ့ရပ်တည်လာခဲ့တဲ့သူလေ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားကုမ္ပဏီ သုံးခုလောက်ရဲ့ finance ပိုင်းက စာရင်းတိုင်းကို ကိုင်တွယ်နိုင်တဲ့ Accountant လေ'

'ငယ်ငယ်လေးနဲ့လား'

'ဘယ်နှနှစ်ထင်လို့လဲ'

'အများဆုံး ၃၀ ပေါ့ ဆရာကလည်း'

'Over 35 အတိအကျဆိုရင် 38'

'ရှင်'
..............
'ဒီနေ့မှလည်း ကားက ပိတ်လိုက်တာကွာ'

ဟုတ်ပါသည်။ ဒေါ်တင့်မဟာနွယ် စိတ်ရှုပ်တာတွေပါ။ ကားလမ်းပိတ်လွန်းလို့ အမြဲ work from home လုပ်မည့်အပိုင်းကိုယူထားတာ။ ဒီနေ့ အလုပ်အပ်မယ့်သူက တွေ့ချင်ပါတယ်ဆိုလို့သာ လာရတယ်။ ကိုယ့်မြန်မာချင်းဆိုတော့လည်း ဟုတ်ပါတယ် ရှေ့က အလုပ်အပ်သမျှက နိုင်ငံခြားကသူတွေချည်းဘဲမလား။

စိတ်မရှုပ်စွာ စောင့်ဆိုင်းရင်း ဘေးဘီကို လှည့်ကြည့်မိတော့ ဒေါ်တင့်ရဲ့ စိတ်ကို ပထမဦးဆုံးအနေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။

လမ်းဘေး ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လာနေတဲ့ ကောင်မလေးတစ်ယောက်။ သင်တန်းသူဖြစ်လိမ့်မယ်ထင်တယ်။ ဒူးဖုံးဂါဝန်ကိုမှ အပေါ်က နက်ပြာရောင်ကုတ်အကျီလေးထပ်ထားတာ။ ဆံပင်က ဖြောင့်စင်းနေရော။ နောက်ဆံပင်အရှည်က ဂုတ်ကျော်လောက်ရှိပေမဲ့ ရှေ့ဆံပင်ကကျ လည်ပင်းအပေါ်လောက်လေးဘဲရှိသေးတာ အဲတာကိုမှ ဝိုက်ကျနေတဲ့ ပုံစံမျိုးလေး။

Tint's DaisyWhere stories live. Discover now