'အဲ သူ ငါ့ကို ဖုန်းနံပါတ် ပေးလိုက်တာဘဲ စာပို့ကြည့်မယ်'
'ဟိတ် ကလေးမလေး'
Ring Ring Ring , ဟမ် Viber က လာနေတာဘဲ။
'ဟိတ် နင် ဘာလုပ်နေတာလဲ။ ညနေစာ ရောစားပြီးပြီလား'
'ငါ ဘယ်တုန်းက စားလို့လဲ အအေးဘဲ သောက်တာကို'
'ငါ မေ့သွားလို့ပါ။ နင့် အလုပ်တွေရော အဆင်ပြေရဲ့လား'
'အင်း'
'ငါ မြန်မာကို ပြန်လာဖို့ရှိတယ်။ ဒီတစ်ခါ ကြာကြာနေဖြစ်မယ် project တစ်ခုလုပ်စရာရှိလို့။ ငါ လာရင် နင့်ဆီမှာ လာနေမှာနော်'
တစ်ဖက်က လူကသာ ဆက်တိုက်ပြောနေပေမဲ့ နားထောင်သူကတော့ စိတ်ဝင်စားပုံမရပါ။ လက်ပ်တော့ဘေးမှာ ချထားတဲ့ ဖုန်းကို သာ အာရုံရောက်နေလေရဲ့
'ဟဲ့ ဒေါ်တင့် ငါပြောတာနားထောင်နေရဲ့လား'
'ဟမ် ငါ ကြားတယ်'
'ပြန်ပြောဦးလေဟ။ နင် ဘယ်တွေ စိတ်ရောက်နေပြန်တာလဲ'
'ဘာမှ မဟုတ်ဘူး'
'နင့်မလည်း ငါ ပြောရင် ပြန်ပြောစမ်းပါ။ ငါ့မှာ တစ်ယောက်တည်း ပြောနေရသလို မဟုတ်ရင်လည်း ရုပ်ထုကြီးနဲ့ ပြောနေရသလိုနဲ့'
'ငါမှ မပြောချင်တာ။ နားထောင်ပေးတယ်လေ'
'ဟုတ်ပါပြီ မယ်မင်းကြီးမရယ်''နင် သိလား။ ငါ ပြောဦးမယ်'
စလာပါပြီ။ သူ့ရဲ့ daily routine တွေ။ ခါတိုင်း နားထောင်တတ်ပေမဲ့ ဒီနေ့တော့ ဒေါ်တင့်မဟာနွယ် တစ်ယောက် စိတ်ပါမနေပါ။
'အဲတော့ဟာ နင် ဘဲ စဉ်းစားကြည့်။ ငါက သူပြောထားတဲ့အတိုင်းလုပ်ပေးတယ်လေ အဲတာကို သူက ဟဲ့ဟဲ့ ငါပြောနေတယ်လေ။ ဘာလဲဟ'
ဒေါ်တင့် သူဆက်ပြောမှာကို ဆက်နားထောင် မနေနိုင်ပါ။ အကြောင်းရင်းက ဖုန်းထဲ စာဝင်လာလို့လေ။
'ဟုတ် အန်တီတင့်'
'သိမ့် ဘယ်လိုသိတာလဲ'
'အန်တီတင့် သမီးဆီက ဖုန်းနံပါတ်တောင်းသွားတယ်မလား'
'Viber သုံးလား'
'ဟုတ် ဒါပေမဲ့ လိုင်းပေါ်က ဆက်သွယ်မယ်ဆိုရင်တော့ အန်တီတင့် telegram သုံးရင် ပိုအဆင်ပြေမယ်ထင်တယ်'

YOU ARE READING
Tint's Daisy
Romance'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'