Episode 11

629 45 1
                                        

'ဒီနေ့ မျက်နှာချင်းဆိုင်က တိုက်ခန်းကို အသစ်ပြောင်းလာမယ်ပြောတယ်'

'အဲက အစကတည်းက လူရှိတယ်မဟုတ်လား အမရဲ့'

'အဲလူက ထွက်သွားပြီတဲ့ အသစ်ရောက်မှာတဲ့'

'ဪ မြန်မာလူမျိုးဖြစ်ရင် ကံကောင်း'

'အေးနော် အရှေ့ကဦးကြီးပြောတဲ့ အင်္ဂလိပ်စကားကို ငါ နားမည်နိုင်ဘူးဟယ်'

'သူ့ အသံက ပါကစ္စတန်လေသံနဲ့ရောနေတာကိုး ညီမလည်း မနည်းနားထောင်ရတယ် သူနဲ့တွေ့ရင်'

အပြင်က ဟင်းချက်စရာတွေ ဝယ်လာပြီး တိုက်ခန်းဆီလာတဲ့ လျှောက်လမ်းမှာ စကားပြောရင်း လျှောက်နေကြတယ်။

'ဟဲ့ နောက်က အသံတွေကြားတယ်။ လာပြီထင်တယ်'

သိမ့်နဲ့ သိမ့်အဖော်တို့ နောက်ကို စပ်စုပြီး လှည့်ကြည့်လိုက်တော့

'အန်တီတင့်'
သိမ့် အတော်လေး အံ့ဩမိသွားတယ်။ အဲဆို ပြောင်းလာမယ်ဆိုတဲ့ လူသစ်က

'တွေ့ရတာ ဝမ်းသာပါတယ်'

သိမ့်ကို မဟုတ်ဘဲ သိမ့်ဘေးက ကောင်မလေးကို အရင်နှုတ်ဆက်ဖြစ်တယ်။ ပြီးမှ သိမ့် နားနားလေးကပ်ပြီး

'တို့ ဘေဘီလေးနား တို့လာနေတာလေ။ အံ့ဩသွားလား'

'ဒါ သမီးပြောတဲ့ အန်တီလေ'

'ဪ ဟုတ် သမီးတို့လည်း တွေ့ရတာ ဝမ်းသာပါတယ်'

'အခုမှ ရောက်တယ်မလား။ ပစ္စည်းတွေ ချလိုက်ဦးနော်။ သမီးတို့လည်း ဝင်တော့မယ်'

'ဘေဘီလေး ပြီးရင် တို့ဆီလာခဲ့နော်'
ပြောရင်း မျက်စိတစ်ဖက်မှိတ်ပြ သွားသော အန်တီတင့်ရယ်ပါ။

အတူပါလာတဲ့ အမကတော့ တော်တော်ကို အံ့ဩနေတော့မှာဘဲ။ ရှင်းပြရဦးမယ်ဆိုတာ မြင်ယောင်နေတယ်။

'ဟုတ် ဟုတ်'

အိမ်ထဲကို ဝင်ပြီး မီးဖိုချောင်ထဲ ချက်စရာပစ္စည်းတွေ ထားနေပြီး အမအလုပ်ရှုပ်နေတုန်း ထွက်ဖို့ လုပ်လိုက်ပေမဲ့

'ဘေဘီလေး ဘယ်သွားဖို့လဲ'

'ရှူး ရှူး တိုးတိုးပြောပါ အမရဲ့'

Tint's DaisyWhere stories live. Discover now