ပိုက်ဆံပေးပြီး သူ နေရာရတဲ့ဘက်ကို သွားထိုင်တယ်။ ကျွန်မ ထိုင်ဖို့ နေရာရှာပေမဲ့ မတွေ့တော့နဲ့ သူထိုင်တဲ့နားမှာဘဲ မတ်တပ်ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
'အစ်မ ဒီမှာ ထိုင်ပါ့လားဟင်'
ပြောရင်း သူထ ပေးလာတယ်။
'ရပါတယ်'
'သမီး အားနာလို့ပါ'
သမီး တဲ့လား။ အစ်မလို့ခေါ်ပြီး သူ့ကိုယ်သူကျတော့ သမီးတဲ့။
သူပေးတဲ့ နေရာပေါ်မှာ ထိုင်လိုက်ပြီး
'အတူတူ ထိုင်မယ်လေ'သူ့လက်တစ်ဖက်ကို ကိုင်ပြီး ကိုယ့်ပေါ်ကို ဆွဲချပစ်လိုက်တယ်။
'Oh my!'
'နောက်မှာလည်း နေရာမှ မရှိဘဲ။ ကလေးမ မတ်တပ်ရပ်နေရမှာပေါ့'
'ရ ရပါတယ်။ သမီး က ရပ်ပြီးလည်း စီးနေကျမို့'
'တို့ အဆင်မပြေဘူးလေ' ပြောရင်းနဲ့ ကျန်တဲ့လက်တစ်ဖက်နဲ့ ခါးကိုလျှိုပြီး ဖက်ထားပစ်လိုက်တယ်။ သူကရုန်းနေတာကိုး။
သူ တော်တော်လေး လန့်သွားပုံရတယ်။ အံ့ကြိတ်ထားတာများ လည်ပင်းအကြောလေးကို ထောင်လို့။
'ဘယ်မှာဆင်းမှာလဲ'
'မြေနီကုန်းမှတ်တိုင်ရှင့်'
'မှတ်ထား တို့ နာမည်က ဒေါ်တင့်မဟာနွယ်၊ အသက်က ၃၈'
'၃၈၊ သမီးက ၃၀ လောက်လို့ထင်တာ'
'ကဲပါ ကလေးမ နာမည်ကရော'
'အဲ မှတ်တိုင်ရောက်ပြီ သွားတော့မယ်နော်'
'ဟိတ် တို့လည်း အတူတူ ဆင်းမှာပါ'
'သမီးမှ မသိဘဲ'
'မင်းနာမည် မပြောရသေးဘူးနော် အန်တီကတော့ အန်တီ့နာမည် မိတ်ဆက် ပြီးပြီလေ'
'သမီးနာမည်က သိမ့်ဒေစီလင်း ပါ၊ အသက်က ၁၈ နှစ်'
'အိုး တို့ထက် နှစ် ၂၀ တောင်ငယ်တာဘဲ။ အန်တီ လို့ခေါ်နော်'
'ဟုတ်ကဲ့'
'အန်တီတင့် က ဘယ်ပြန်မှာလဲဟင်'
'သိမ့် ကရော'
'သမီး အရင် မေးတာကို၊ ဒီနားလေးက ကွန်ဒို'

YOU ARE READING
Tint's Daisy
Romantizm'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'