Episode 7

495 36 1
                                    

'အိမ်ပြန်ရောက်ပြီနော် အန်တီတင့်'

Telegram မှ တက်လာသော noti တစ်ခု။
ဒေါ်တင့် နှုတ်ခမ်းထောင့်စွန်းလေးကွေးသည်အထိ ပြုံးမိပါသည်။

'ချစ်စရာကောင်းချက်'

အလုပ်လုပ်နေတုန်းမို့ စာပြန်၍မရပါ။ စာရင်းတွေက လွဲလို့မှမဖြစ်ဘဲ။

စာရင်းတွေကို လက်စသတ်ပြီး သက်ဆိုင်ရာရုံးကို ပို့ပေးလိုက်သည်။ ဒီနေ့ တာဝန် ပြီးပြီလေ။

'ဟိတ် ဘာလုပ်နေလဲ'

'စာ လုပ်နေတယ် အန်တီတင့်၊ အန်တီတင့်ရော'

'တို့က ဒီနေ့အတွက် အလုပ်ပြီးသွားပြီလေ'

'ဒါဆို နားရတော့မှာပေါ့'

'အင်း မင်း အားရဲ့လား'

'အားပါတယ် စာက ပြီးတော့မှာပါ'

'ကောင်းပြီလေ ပြောစရာရှိလို့'

'ဟုတ်ကဲ့ ပြောလေ'

'မနေ့က တို့ပြောတဲ့အဓိပ္ပာယ်ကလေ တို့ မင်းကို ချစ်တာ၊ အမျိုးသမီးတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုချစ်တာ၊ မင်းရဲ့မူပိုင်ရှင်ဖြစ်ချင်တာ
၅၂၈မဟုတ်ဘဲ ၁၅၀၀နဲ့ချစ်တာ'

ခဏတာတိတ်ဆိတ်သွားပြီးနောက်
'ရပ်တန့်ပေးလို့မရဘူးလားဟင် ၅၂၈မှာဘဲ ရပ်တန့်ပေးလို့မရဘူးလား'

ငြင်းလိုက်တာလား။ ငြင်းခံလိုက်ရတာဘဲ။

'မရပ်တန့်ပေးနိုင်ဘူး သိမ့်။ သိမ့်ကို စတွေ့ချင်းကတည်းက ချစ်တာမို့ သိမ့်နောက်ကိုလိုက်လာခဲ့တာ'

'အန်တီတင့် သမီး မလုပ်နိုင်ဘူး။ တောင်းပန်ပါတယ်'

'သိမ့်....သိမ့်'

ဘာလို့လဲ။ ဘာလို့ မလုပ်နိုင်ရတာလဲ။ ဘာလို့မချစ်နိုင်ရတာလဲ။

'တောင်းပန်ပါတယ်။ တောင်းပန်ပါတယ် အန်တီတင့်ရယ်။ သမီးဘဝထဲကိုဝင်လာရင် အန်တီတင့် ဒီ့ထက်ပိုနာကျင်ရလိမ့်မယ်။ တောင်းပန်ပါတယ်'

နှစ်ဦးလုံးရဲ့ ခံစားချက်တွေဟာ အလဲလဲ အပြိုပြိုပါဘဲ။ အချစ်တဲ့ နာကျင်ရတဲ့အရာလား။

'အမယ် ဖုန်းတွေဘာတွေဆက်လို့ပါလား မယ်တင့်ရဲ့'

'သူ ငါ့ကို မချစ်နိုင်ဘူးတဲ့ ခင်မျိုးနွယ်။ ငါ ဘယ်လိုလုပ်ရမလဲဟင်။ သူ က မချစ်ဘူးလို့ပြောလာရင် ချစ်တတ်အောင်သင်ပေးပါ့မယ်လို့ ပြန်ပြောဖို့ဆုံးဖြတ်ထားပေမဲ့ ငါလေ ငါ....'

Tint's DaisyWhere stories live. Discover now