အမတွေက ဘိလယက်ထိုးနေကြတာမို့ စားပွဲမှာဘဲထိုင်ပြီး မုန့်ဆက်စားနေလိုက်တယ်။
Ring...Ring...Ring
'ဟင် အမဝတီရဲ့ဖုန်းဘဲ။ ဖုန်းလာနေတာထင်တယ်'
အမဝတီဆီကို သွားပြီး ဖုန်းသွားပေးလိုက်တယ်။
စားပွဲကို ပြန်လာပြီး ထိုင်ဖို့ လုပ်လိုက်ပေမဲ့ အနောက်ကနေ ကောင်လေးတစ်ယောက်က လက်ကို ဆွဲကိုင်ပြီး'ဘာလုပ်တာလဲ'
'ဆောတီး.....ကိုယ် မင်းနဲ့ခင်ချင်လို့ပါ'
'တောင်းပန်ပါတယ်....ကျွန်မ'
ဆက်ပြောဖို့ လုပ်လိုက်ပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ဆွဲယူခြင်းကို ခံလိုက်ရတယ်။ အန်တီတင့်ဆိုတာ သိလိုက်ပြီး တစ်ဆက်တည်းမှာဘဲ အန်တီတင့်ရဲ့ နှုတ်ခမ်းတစ်စုံဟာ သမီးရဲ့နှုတ်ခမ်းတစ်စုံ ထိတွေ့လာခဲ့တယ်။ ညင်လည်းမညင်သာသလို ကြမ်းတမ်းတာမျိုးလည်း မဟုတ်ပါဘူး။ နူးနူးညံ့ညံ့အနမ်းမျိုးမဟုတ်တာတော့ သေချာတယ်။
လူအများရှေ့မှာ အနမ်းခံရတာမို့ တုန်သွားချိန်မှာဘဲ လည်ချောင်းထဲကို ပြင်းရှရှ ဝိုင်တစ်ချို့ စီးဆင်းသွားခဲ့တယ်။ ဝိုင်တွေကုန်သွားပြီလို့ထင်ရပေမဲ့ အန်တီတင့်က သမီးရဲ့ အောက်နှုတ်ခမ်းကို ဖူးငုံထားတုန်းပါဘဲ။
သူ့လက်မောင်းကို ဖျစ်ညစ်ခါမှ လွှတ်ပေးလိုက်ပြီး
'သူ့မှာ ပိုင်ရှင်ရှိတယ်။ သူက တို့အပိုင်ပါ ကောင်လေး'
သူ့ရဲ့ပိုင်ဆိုင်မှုတစ်ခု ဖြစ်ကြောင်းပြသလိုက်တာတဲ့လား။ သိမ့် မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့လေ။
ကောင်လေးက တောင်းပန်စကားပြောပြီး ထွက်သွားပေမဲ့ အဲနေရာက သူတစ်ချို့ရဲ့ ကြည့်နေကြတဲ့ မျက်လုံးတွေက အမြင်ကပ်စရာကောင်းလိုက်တာ။
အန်တီတင့်က လှည့်ကြည့်လာပေမဲ့ မျက်လုံးထဲမှာရော အတွေးထဲမှာပါ စောနလေးက ဖြစ်ရပ်ကို ဘဲ မြင်ယောင်နေတယ်။ အံ့ဩနေသလိုတအားကြီးလည်း လက်မခံနိုင်သေးဘူး။
ပထမဆုံးအကြိမ်။ ပထမဆုံး လူတွေရဲ့ အာရုံစိုက်ခံရခြင်း။ အံ့ဩခြင်း။ လက်မခံနိုင်ခြင်း။ တုန်လှုပ်ခြင်းတွေက ရင်ဘတ်တစ်ခုလုံးမှာ ပြည့်နှက်နေတယ်။

YOU ARE READING
Tint's Daisy
Romance'အပေါင်းအသင်းမဖြစ်ချင်ဘူးဆိုရင် အန်တီတင့်ကသမီးနဲ့ ဘာဖြစ်ချင်တာတုံး' 'သမီးရဲ့မာမီ၊ သမီးကို တင့်ဒေစီဆိုပြီး ခေါ်ချင်တာ'