မိခင်ဖြစ်သူရဲ့အရေးပေါ် အခြေအနေတခုလုံးမှာ Taehyung တယောက် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့သည်.ငိုရလွန်းလို့လည်း မျက်နှာလေးဟာနီရဲကာ မျက်လုံးတွေလည်းဖောင်းအစ်လို့နေသည်..
ခုချိန်မှာ သူဖြစ်ချင်တာ အနားမှာ UJay ကိုရှိစေချင်တယ်.. ထွေးပွေ့ထားခံချင်တယ်..UJay ရဲ့နှစ်သိမ့်စကားတွေကြားချင်တယ်..ဒါဟာ ချစ်ရသူကိုအားကိုးချင်တဲ့ ချစ်သူတိုင်းရဲ့အနွေးဓာတ်တမျိုးပေါ့ဗျာ..
....
တဖက်မှာလည်း အိမ်ရောက်ထဲကသောက်လိုက်တဲ့အရက် ခုချိန်ထိကိုမနားသေး..ဘေးက suga မှာလည်းတချိန်လုံးတော်ဖို့ပြောနေပေမယ့် ခုချိန် Jungkook ခံစားနေရတာကိုလည်းသူနားလည် သည်..
" Jungkook မင်းဘယ်လိုခံစားနေရလည်း ငါသိတယ် ဒါပေမယ့် မင်းကျန်းမာရေးအခြေအနေကိုမင်းအသိဆုံးတော်ရုံပဲသောက်ကွာ "
"suga ငါ ငါဘယ်လိုလုပ်ရမလည်း "
" မင်းခုချိန်ခဏအနားယူလိုက် ကောင်လေးနဲ့လည်း အတက်နိုင်ဆုံးမတွေ့နဲ့အုံး ပြီးတော့ မင်းခေါင်းအေးအေးထားပြီးအဖြေရှာ.. ကောင်လေးကို လက်လွှတ်မလား ရှေ့ဆက်တိုးမလား..ဒါမှမဟုတ် မင်းရင်ထဲ seokjin ရှိနေသေးတာလား မင်းသေချာအောင်အဖြေရှာဖို့လိုနေပြီ "
ဆိုဖာပေါ်မှီချကာ မျက်နှာကြပ်ကိုကြည့်ရင်း မျက်လုံးထောင့်ကနေမျက်ရည်စက်ကလေးစီးကျလို့လာသည်..ဟုတ်ပါတယ် suga ပြောသလို သူသေချာစဥ်းစားဖို့အချိန်ရောက်ပြီ..seokjin ကိုရင်ထဲရှိသေးလားဆိုတဲ့ အဖြေ..
....
မတွေ့ဖြစ်တော့အောင်နေခဲ့တာ seokjin မဂ်လာဆောင်ပြီးထဲကလို့ပြောရမယ် နာကျဥ်းချက်ကြောင့်ရော တယောက်နဲ့တယောက်တွေ့နေရင်လည်းအဆင်မပြေလောက်တဲ့ အခြေအနေမို့လို့ seokjin နဲ့ဝေးရာကိုထွက်လာခဲ့ပြီး အလုပ်ထဲသာခြေစုံပစ်ဝင်ခဲ့လိုက်တာ..ခုလိုမျိုးပြန်စုံမယ်လို့မထင်ခဲ့..
စုံမယ့်စုံကြပြန်တော့ အချစ်ဦးရဲ့သားက ကိုယ့်ရဲ့ယခုလက်ရှိချစ်ရသူလေးတဲ့...အကြိမ်ကြိမ်ဘယ်လိုစဥ်းစားစဥ်းစား မျက်ရည်နဲ့မျက်ခွက်ပါပဲ..