So i'will tell you...
မနက်ခင်း မိဘနှစ်ပါးစားရန်မနက်စာပြင်ပေးနေတုန်းဖုန်းဝင်လာတာကြောင့် အနောက်ကိုတချက်လှည့်ကြည့်ကာ အပါးဖြစ်သူမရှိဘူးဆိုတာသိတော့မှ ဖုန်းလေးကိုကိုင်လိုက်သည်
#ဟုတ် UJay
#ကလေးငယ် UJay မနက်သွားစရာရှိလို့ မလာနဲ့တော့ ဒါပေမယ့် ညနေတော့ တွေ့ချင်တယ် လာမယ်မဟုတ်လား
#ဟုတ် အဲ့တာဆို ညနေကျောင်းပြန်မှဝင်ခဲ့တော့မယ်နော် UJay
#ချစ်တယ် ကလေးငယ်
#ဟုတ်
#ပြန်ပြောလေ
Taehyung တယောက်ပြန်ပြောလို့မဖြစ် ထမင်းစားစားပွဲနား အပါးဖြစ်သူရောက်လာတာကြောင့် ပြောလို့ကအဆင်မပြေ..
#ဟုတ် ဒါပဲနော်
#ဘာကိုဒါပဲလည်း ချစ်တယ်ပြောလေကွာ
#ဟုတ်
#အနားမှာ မိဘတွေရှ်ိလို့လား
#ဟုတ်
#ဒါဆိုချစ်တယ်ပြောမှဖုန်းချတော့မယ်
#ဟင်
"သား သူငယ်ချင်းလား "
ဖုန်းပြောနေတာကြောင့် အနောက်ကနေ အပါးကလှမ်းမေးလာတော့ Taehyung မှာခေါင်းလေးညိတ်ပြကာ ဖြေရသည်..
"ဟုတ် အပါး "
#ကလေးငယ်ချစ်လားလို့
#ချစ်တယ်
Taehyung တယောက် အပါးမကြားအောင် တိုးတိုးလေးဖြေလိုက်ပေမယ့် UJay ကတော့မကြားဟန်ဆောင်ကာ ထပ်မေးပြန်သည်..
#ဘာပြောလိုက်တာလည်းကလေးငယ် UJay မကြားရဘူး
#ချစ်တယ်လို့
#ဟင် ဘာပြောတာ
Taehyung တယောက် စိတ်တိုလို့နေပြီ အောက် နှုတ်ခမ်းလေးကိုက်ကာ အပါးဖြစ်သူကိုတချက်လှည့်ကြည့်လိုက်ပြီး..
#ချစ်တယ် ချစ်တယ်
ဟု အသံထွက်ပြီးသာဖြေလိုက်တော့ ဖုန်းထဲကတယောက်ဟာလည်း အံ့သြပြီးအော်ရယ်နေသလို အနောက်ကအပါးဖြစ်သူကလည်း မနက်စာစားရင်း လှမ်းမေးသည်..
"သား ဘယ်သူလည်း "
"Jimin ပါ အပါး သားကိုလာနောက်နေလို့ "