သိပ်မပူပြင်းလှတဲ့ ခပ်နွေးနွေးနေရောင်ခြည်တို့ ထွေးပွေ့ထားသောနေ့တစ်နေ့။
သမင်မျက်လုံးလှလှလေးများနှင့် ကောင်မလေးတစ်ယောက် တိမ်စိုင်လေးများနှင့် လှပနေသော ကောင်းကင်သို့ မော့ကြည့်နေပြီး နှုတ်ခမ်းလေးကလည်း သဘောကျစွာ ပြုံးလို့နေသည်။
Lulu - Wow...ဒီနေ့အရမ်းသာယာတာပဲ။
ပြောပြောဆိုဆိုပင် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းကာ ကလေးတစ်ယောက်ပမာ ကောင်းကင်ကြီးကို မော့ကြည့်နေလေသည်။
Lulu - အင်း အတန်းလည်းမရှိတော့ဘူးဆိုတော့ ကစားကွင်းဘက်သွားရင်ကောင်းမယ်။
ကျောပိုးအိတ်ကို ပခုံး၌လွယ်လိုက်ကာ ကစားကွင်းဘက်သို့ ထွက်လာလိုက်သည်။ Lulu မှာ မိန်းကလေးဆိုသော်လည်း အားကစားကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အထူးသဖြင့် Basketball နှင့် Football ကို အလွန်နှစ်သက်သည်။ အားလျှင် အားသလို ကစားကွင်းသို့ လာပြီး ကစားနေသူများကို ကြည့်နေတတ်သည်။ သူကိုယ်တိုင်ကတော့ အမောမခံနိုင်၍ မဆော့ရပေ။ ယနေ့လည်း ခါတိုင်းကဲ့သို့ပင် ကစားကွင်းဘက် အပျင်းပြေလျှောက်လာလိုက်သည်။
ဘောလုံးကစားကွင်းနား အပြင်ဘက်ရှိ သစ်ပင်ဘေးက ခုံတန်းလေးတစ်ခုတွင် ထိုင်လိုက်တာ ဘောလုံးကစားနေသူများကို ကြည့်နေလိုက်သည်။ ကစားပွဲကို အာရုံရောက်နေခိုက် ရုတ်တရက် ခေါင်းပေါ်သို့ ပစ္စည်းတစ်ခု ပြုတ်ကျလာသည်။ ထိုပစ္စည်းကို ယူကြည့်သောအခါ နာမည်တွေရေးထားသော note စာအုပ်လေးတစ်အုပ်ဖြစ်နေသည်။ Lulu က စာအုပ်လေးကို အထူးတဆန်းကြည့်နေစဉ်မှာပဲ အပေါ်မှ အသံကြား၍ မော့ကြည့်ရာ ကျောင်းသားကောင်လေးတစ်ယောက် သစ်ပင်ပေါ်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
Boy - Ahhhh eommaya......သေပါပြီ
Lulu က အရှောင်ကောင်းပြီး ကောင်လေးအောက် မပိသွား၍ ဘာမှမဖြစ်သော်လည်း ထိုကောင်လေးခမျာ တော်တော်လေး အခြေအနေဆိုးသွားရှာသည်။ ပြုတ်ကျရာနေရာမှာ ခုံအပေါ်တည့်တည့်မဟုတ်ဘဲ ခုံအစွန်းဖြစ်နေ၍ ဖြစ်သည်။ နောက်ပြီး ထိုခုံစွန်းနှင့် ခိုက်မိသည့်နေရာမှာလည်း တခြားမဟုတ် အဓိကနေရာဖြစ်နေလေသည်။
![](https://img.wattpad.com/cover/59190654-288-k30650.jpg)