**သူ့ရဲ့စကားပြောပုံလေးကို ကျွန်တော်ချစ်တယ်**
**သူပြုံးလိုက်တိုင်း ထင်းခနဲပေါ်လာတဲ့ ပါးချိုင့်လေးတွေကိုလည်း ချစ်တယ်**
**သူနဲ့အမြဲမတွေ့ရပေမယ့် ကျောင်းဆင်းချိန်လေးမှာပဲ ခဏလေးတွေ့လိုက်ရရင်ကို ကျွန်တော့်တစ်နေ့တာ ပြည့်စုံသွားပြီလို့ ခံစားရတယ်**
"မှန်းစမ်း ဘာတွေရေးနေတာလဲ"
ကိုယ့် feel နဲ့ကိုယ် ဘေးပတ်ဝန်းကျင်ကိုမေ့ပြီး ခံစားချက်တွေရေးချနေမိတာ ဘေးကပေါ်လာတဲ့အသံနဲ့အတူ စာအုပ်ကိုဆွဲအလုခံလိုက်ရတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ကြောင်သွားရသည်။ ဘယ်လောက်အထိ ကြောင်နေမိသည်မသိ တခွိခွိရယ်သံတွေ နားထဲဝင်လာမှ စာအုပ်ကိုပြန်လုဖို့ သတိရတော့သည်။ ဒီကောင်တွေကွာ………
"ပြန်ပေးကွာ"
လုယူဖို့ကြိုးစားသော်လည်း ဟိုလူ့လက်ကနေ ဒီလူ့လက်ပြောင်းလိုက် ဒီလူ့လက်ကနေ ဟိုလူ့လက်ပြောင်းလိုက်လုပ်နေတာကြောင့် စာအုပ်ကကိုယ့်ဆီပြန်မရောက်လာတော့…
"Sehun ပေးစမ်းကွာ"
"နေစမ်းပါဦးကွ မင်းကလည်း…ငါဖတ်ကြည့်ချင်လို့ပါ"
လက်ထဲကစာအုပ်ကို အတင်းလိုက်လုသော်လည်း သူ့အရပ်ရှည်ရှည်ကိုအားကိုးကာ လက်ကိုအစွမ်းကုန်မြှောက်ထားသောကြောင့် ဘယ်လိုမှလုမရဘဲဖြစ်နေသည်။
"Sehun မင်းချည်းပဲဖတ်မနေနဲ့ကွာ ငါလည်းသိချင်တယ်…ကျယ်ကျယ်လေးဖတ်"
"ဟေ့ကောင် Chen မင်းကပါမြှောက်မပေးနဲ့လေကွာ"
"ငါလည်းသိချင်တာပေါ့…Jisan ကလည်းကွာ ငါတို့ကသူငယ်ချင်းတွေပဲကို…ဖတ်ပြ Sehun"
"Okie"
"ဘာတဲ့ ဘာတဲ့…သူ့ဆီကတစ်ခါတစ်လေမှရတတ်တဲ့ အကြည့်သေးသေးလေးတွေကိုလည်းချစ်တယ် ဆိုပါလား…ဟေ့ကောင် အကြည့်သေးသေးဆိုတာ ဘာလဲကွ…အကြည့်မှာသေးတယ်ကြီးတယ်ရှိလို့လား…ဟေ ရှိလား Chen"
"မျက်လုံးကြီးတယ်သေးတယ်တော့ ငါကြားဖူးပါတယ်…ဒါပေမဲ့ အကြည့်သေးတယ်ဆိုတာကတော့ ခ်ခ် ရယ်ချင်စရာကြီး Jisan ရာ"