Part-11

81 17 4
                                    

"da ra ra ra la la la laa
ရွှီ....၀ှီ...၀ှီ...၀ှီ"

Sehun တို့ ယနေ့မနက် အစောကြီးနိုးနေပြီး စိတ်ကြည်နူးနေပုံရသည်။ သီချင်းလေး ညည်းလိုက် လေလေးချွန်လိုက်နှင့် ကျောင်းသွားဖို့ ပြင်နေလေသည်။ မနေ့က သူ့မွေးနေ့လေးမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရလို့ပဲ ဖြစ်မည်။ နောက်ပြီး သူ အိပ်မက်လှလှလေးလည်း မက်ခဲ့တယ်လေ။ အိပ်မက်ထဲမှာ Lulu နဲ့ သူ နှစ်ယောက်သား ကြည်ကြည်နူးနူး စကားပြောနေလေရဲ့။ ထူးခြားတာက သူတို့ပုံစံက သူငယ်ချင်းအနေနဲ့ မဟုတ်ဘဲ နှစ်ယောက်သား ချစ်သူတွေ ဖြစ်နေတာပဲ။ အဲလိုဖြစ်အောင်လည်း ချစ်စရာ cupid လေးတစ်ယောက်က လုပ်ပေးလိုက်တာတဲ့။ cupid ကတော့ တခြားလူမဟုတ်။ ပြေးကြည့်လို့မှ တစ်ယောက်တည်းသာရှိတဲ့ သူ့ရဲ့သူငယ်ချင်းကောင်းကြီး Chen သာ။

Sehun - ခ်ခ်ခ်

Sehun တော့ အိပ်မက်ကို ပြန်တွေးကာ သဘောကျလို့မဆုံးတော့။ မျက်နှာကြီးဖြီးကာ မှိုရထားသည့်အလား။ သူ့အတွေးထဲမှာ အိပ်မက်ထဲက Lulu နဲ့သူ့ရဲ့ ပုံရိပ်ကိုသာ ထပ်ခါတလဲလဲ မြင်ယောင်နေမိသည်။

Sehun - Ahhhhhhhh ရူးတော့မှာပဲ မဖြစ်သေးဘူး Oh Sehun စိတ်ကူးယဉ်နေရုံနဲ့ မရဘူး ကိုယ်တိုင်ကြိုးစားမှရမှာ ဟိုလဒလေးပါ ကူညီပေးရင် မဆိုးဘူး ခ်ခ်

Sehun ပြောလိုက်သော လဒ ဆိုသည်မှာ အချစ်ဆုံးကြီး Chen ကို ရည်ညွှန်းလိုက်ခြင်းပင်။ အိပ်မက်ထဲမှာလို cupid လုပ်ပေးစေချင်နေသည့် သဘောရှိသည်။ <<Chen ရေ ကြည့်သာနေပေတော့>>

Sehun တစ်ယောက် စိတ်ကူးလေးယဉ်လိုက် လိုတာလေးတွေ ပြင်လိုက်နဲ့ နောက်ဆုံးတော့ စိတ်တိုင်းကျ ပြင်ဆင်ပြီးသွားလေသည်။ ပြင်ပြီးတာနဲ့ချက်ချင်း Chen တို့အိမ်ဘက်ကို ထွက်လာတော့သည်။ Chen ကို ဝင်ခေါ်ပြီးမှ ထုံးစံအတိုင်း Lulu ထိုင်စောင့်နေကျ Lulu တို့လမ်းထိပ်က ပန်းခြံလေးကို သွားကြမှာလေ။

သူ Lulu နဲ့ တွေ့ပြီးနောက်ပိုင်း နေ့တိုင်းလိုလို ကျောင်းသွားရန်သာ စိတ်စောနေမိသည်။ ဒါမှလည်း Lulu နဲ့ တွေ့နိုင်မှာ မဟုတ်လား။ နောက်ပြီး အမြဲတစေလည်း ကျောင်းသွားဖို့ကို ရင်ခုန်နေမိသည်။ မဟုတ်သေးဘူး ကျောင်းသွားဖို့ထက် Lulu နဲ့ တွေ့ဖို့တွေးရင်း ရင်ခုန်တယ်ဆို ပိုမှန်မယ်။ Lulu နဲ့တွေ့ရင် ဘယ်လိုနေရမယ် ဘာတွေပြောရမယ် Lulu ပြုံးရယ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေးရတာနဲ့တင် သူ့မှာ ပျော်လို့မဆုံး ပြုံးလို့မဝနိုင် ဖြစ်နေရသည်လေ။ တကယ်ပါ သူ Lulu ကို မြင်မြင်ချင်းသဘောကျသွားတာဆိုပေမယ့် ပေါ့ပျက်ပျက်မဟုတ်ဘဲ တကယ်ကို ချစ်မိသွားတယ်ဆိုတာ ထူးဆန်းလွန်းမနေဘူးလား။ ဖူးစာကြောင့်ပေလား မသိ။

If Love is Real......Onde histórias criam vida. Descubra agora