Part-12

73 18 1
                                    

Recall......

Lulu ဖြေရှင်းချက်ကို လက်ခံလိုက်သော်လည်း Sehun စိတ်ထဲတော့ သိပ်မကျေနပ်ချင်သေး။ ဒီလောက်ထိ ပါးကရောင်ကိုင်းနေရင် တော်ရုံသွားကိုက်တာလောက် မဖြစ်နိုင်။ နောက်ပြီး သူကြားဖူးတာက သွားကိုက်နေတဲ့အချိန်ဆို စကားပြောရတာတောင် သိပ်အဆင်မပြေတာမျိုးရှိတယ်လေ။ နောက်ပြီး တဆစ်ဆစ်နာနေတတ်တာမျိုး။ ဒါပေမဲ့ ခု Lulu က အဲလိုမျိုးတွေ မဖြစ်သလိုပဲ။ သူတို့စိတ်ပူမှာစိုးလို့ပဲ သည်းခံနေတာလားမသိ။ ဘာပဲဖြစ်ဖြစ် ဆေးတော့ ဝယ်တိုက်ဦးမှပါလေ။

*************

Sehun - Lulu ရော့ သွားကိုက်တာ သက်သာသွားအောင် ဒီဆေးလေးသောက်လိုက်

Sehun ပေးတဲ့ဆေးက အကိုက်အခဲပျောက်ဆေးဆိုတော့ ဘာပဲဖြစ်ဖြစ် နာနေတာတော့ သက်သာလောက်ပါတယ်လေ။ Sehun နဲ့ Chen ကိုတော့ အားနာပါတယ်။ ဒီလိုမျိုးလိမ်ထားရတာကိုလည်း စိတ်မကောင်းပါဘူး။ ဒါပေမယ့် အမှန်အတိုင်းပြောလိုက်ရင် သူတို့ပဲ ဝမ်းနည်းပြီး Lulu အတွက် စိတ်ပူနေဦးမှာ။ အမှန်က Lulu ရဲ့အဒေါ်က မနေ့က Sehun မွေးနေ့လျှောက်လည်တာကို သိသွားပြီး ယောက်ျားလေးနှစ်ယောက်နဲ့ ဒီလိုသွားရကောင်းလားဆိုပြီး Lulu ကို ဆူရုံတင်မကဘူး ပါးကိုပါရိုက်ခဲ့တယ်။ Lulu အရမ်းဝမ်းနည်းတယ် ခုခေတ်မှာ သူငယ်ချင်းတွေနဲ့ အဲလိုလျှောက်လည်တာ အပြစ်တစ်ခုလို့မှ ပြောလို့မရတာ။ ယောက်ျားလေး မိန်းကလေး ဒီလိုပဲသွားနေကြတာလေ။ Lulu အတွက် ကိုယ့်သူငယ်ချင်းတွေနဲ့ ဒီလိုလေးလျှောက်လည်မိတာ ပါးရိုက်ခံရလောက်တဲ့အထိ အပြစ်ကြီးလွန်းသွားလား။ သိပ်တော့လည်း မထူးဆန်းပါဘူးလေ။ Lulu က အမြဲဒီလို အဆူခံအရိုက်ခံနေကျပဲကို။ Lulu ကို ခုလိုဆက်ဆံတဲ့ ဒေါ်လေးကိုလည်း မမုန်းပါဘူး။ မှီခိုစရာမိသားစုမရှိတော့တဲ့ Lulu ကို ငယ်ငယ်လေးတည်းကနေ ခုချိန်ထိ ကျွေးမွေးပြီး ပညာသင်ပေးလာတာကပဲ ကျေးဇူးကြီးလွန်းနေပါပြီ။ omma ရဲ့ညီမမို့လို့ မကောင်းတတ်လို့ စောင့်ရှောက်ပေးတယ်ဆိုဦးတော့ တကယ်တမ်း မခေါ်ထားချင်ရင် မသိချင်ယောင်ဆောင်နေလိုက်လို့ ရတာပဲလေ။ Lulu လို တစ်ကောင်ကြွက်ဘဝကို ဘယ်သူကစာနာပြီး ပြောပေးမှာလဲ။ အဲဒါကြောင့်လည်း ဒေါ်လေးတို့ကို ကျေးဇူးတင်တယ် ချစ်လည်းချစ်တယ်။ ခုလိုအခါမျိုးမှာဆိုရင်တော့ စိတ်မကောင်းဖြစ်မိတာက လွဲလို့ပေါ့။ ရပါတယ် ကျန်တာအကုန်အဆင်ပြေပါတယ်။ Lulu အဆင်ပြေပါတယ် အဆင်ပြေအောင်လည်း ကြိုးစားပြီးနေနေပါတယ်။ ဘယ်သူ့ကိုမှ Lulu ဆီက အပူတွေမပေးချင်ပါဘူး။ အထူးသဖြင့် Lulu ချစ်ရခင်ရတဲ့သူတွေကို ကိုယ့်အတွက်နဲ့ စိတ်မညစ်စေချင်ဘူးလေ..... ။

If Love is Real......Tempat cerita menjadi hidup. Temukan sekarang