Recall………
Sehun တစ်ယောက် ဘာမှပြန်မပြောတော့ဘဲ လေပူတွေသာ မှုတ်ထုတ်လိုက်တော့သည်။ သူ ဒီတစ်ယောက်နဲ့တော့ ဒုက္ခပါပဲ။ ရှိသမျှ သူ့အကြောင်း အကုန်ပေါ်မယ့် အလားအလာရှိနေတယ်လေ။
Sehun's POV: "Chen စုတ် လဒ"
သူစိတ်ထဲကနေသာ မေတ္တာပို့နေလိုက်တော့သည်။
ဒီလိုနဲ့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် စနောက်လိုက် တစ်ယောက်အကြောင်း တစ်ယောက်ပြောလိုက်နဲ့ မနေ့ကထက် ပိုရင်းနှီးလာခဲ့သည်။
Sehun မှာ ကံကောင်းချင်တော့ သူတို့သုံးယောက်လုံး အိမ်ပြန်တဲ့လမ်းချင်း တူနေတယ်လေ။ အဲတော့ သူ Lulu နဲ့ နေ့တိုင်း တူတူပြန်လို့ရပြီပေါ့။ Lulu ကလည်း အတန်းပြီးရင် ဂိတ်ပေါက်မှာ သူတို့ကို စောင့်နေမယ်လို့လည်း ပြောသေးတယ်လေ။ Oh Sehun တို့ ပျော်ပြီလေ။
*************
In Sehun's class,
Jisan - Sehun အတန်းပိုင်ဆရာမက ရုံးခန်းကို ခဏလာခဲ့ပါတဲ့
Sehun - ………
Jisan - Sehun ငါ ပြောတာရော ကြားရဲ့လား... ဆရာမက အခုပဲ ရုံးခန်းကို လာခဲ့ဖို့ မှာလိုက်တယ်
Sehun - Aishh ကြားတယ်ကွာ ငါနားကောင်းတယ်
Sehun ပြောပြီး အတန်းထဲက ထွက်သွားလေသည်။ Jisan ကတော့ Sehun ထွက်သွားတဲ့နောက်ကို ကြည့်ပြီး မျက်နှာမကောင်း။ Chen ကတော့ ထွက်သွားတဲ့ Sehun ကိုရော ကျန်ခဲ့တဲ့ Jisan ကိုပါ ကြည့်ပြီး သက်ပြင်းသာချလိုက်တော့သည်။
Sehun's POV: "ကျွန်တော် အဲ့ကောင်ကို စကားမပြောချင်ဘူး...သူ့ကို စိတ်နာတယ်... အရမ်းမုန်းတယ်... သတ်ပစ်ချင်လောက်အောင်ကို မုန်းတယ်.... သူက တစ်ချိန်က ကျွန်တော့် အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့တာကို စဉ်းစားမိတိုင်း ရွံတယ်.... သူ့ကြောင့် သူ့အဖေကြောင့် ကျွန်တော်တို့မိသားစု ဘဝပျက်ခဲ့ရတာ သူ့အဖေသာ အဲ့နေ့က... အဲ့နေ့က.... တော်ပြီဗျာ အဲ့အကြောင်းတွေ စဉ်းစားမိတိုင်း သူတို့ကို သတ်ပစ်ချင်တယ် Jisan မင်းတို့ကို ငါ အရမ်းမုန်းတယ် "