Part-5

136 26 2
                                    

Recall........

Sehun - Ah...ဟုတ်​ပါတယ်​၊ မင်း​ပြောသလို အရှိန်​က သိပ်​မပြင်း​လောက်​ပါဘူး၊ ခုလည်း သိပ်​မနာ​တော့ပါဘူး။ မ​နေ့ကထိထားတဲ့ ဒဏ်​​ကြောင့်​သာ ခု ထပ်​ပြီး ထိလိုက်​​တော့ ​တော်​​တော်​နာသွားတာပါ။ မင်းကို အပြစ်​​မ​ပြောပါဘူး။

Sehun ထိုသို့​ပြောလိုက်​မှ Lulu လည်း သ​ဘောတကျပြုံးကာ

Lulu - အာ့ဆိုလည်း ထဦး၊ corridor မှာ ဒီတိုင်းထိုင်နေလို့တော့ ဘယ်ဖြစ်မလဲ၊ လာ... ကျွန်မတွဲပေးမယ်

ပြောပြောဆိုဆို Sehun ကို ဆွဲထူလေသည်။ Sehun မှာ စကားပြောဖို့တောင် အချိန်မရလိုက် Lulu ဆွဲထူသည်နှင့် အားတင်းထကာ ခုံတန်းတစ်ခုဆီသွား၍ ထိုင်လိုက်ရသည်။

****************

နှစ်ယောက်သား ထိုင်ခုံမှာ ထိုင်ပြီး၍ တော်တော်ကြာသည်အထိ Sehun ရော Luhan ပါ စကားမပြောနိုင်ကြ၊ အိုးတိုးအန်းတန်း ဖြစ်နေကြသည်။ နောက်မှ Lulu ကစ၍...

Lulu  - ရှင် အဆင်ပြေရဲ့လား?

Sehun  - Nae? Ah…nae ပြေပါတယ်။

ပြန်၍ တိတ်သွားပြန်သည်။ ကြာလာတော့လည်း ဒီလို တိတ်ဆိတ်နေသော အခြေအနေကြီးကို သဘောမကျသည့်အလျောက် Sehun တို့ စကားစကာ သူသိချင်တာကို မေးလိုက်လေသည်။

Sehun  - ဒါနဲ့ ဟို မင်းနာမည်က?

Lulu  - aww ကျွန်မနာမည် Lulu ပါ

Sehun  - Lulu?? နှစ်လုံးတည်းလား

Lulu  - nae ကျွန်မကို ငယ်ငယ်တည်းက ဒီလိုပဲ ခေါ်ကြတယ်၊ ကျောင်းအပ်တုန်းကလည်း "Lulu" နဲ့ပဲလေ၊ မျိုးရိုးကတော့ "Oh" လို့ ပြောတယ်။

Sehun  - Ah "Oh" မျိုးရိုးလား၊ nado "Oh"  မျိုးရိုးပဲ။

Lulu  - Omo jinja???

Sehun  - inn ငါ့နာမည်က Sehun "Oh Sehun"။ ဟိုလေ လွန်လွတ်လပ်လပ်ပဲ "မင်း၊ ငါ" အဲလို ပြောမယ်နော် ရတယ်မလား။

Lulu  - nae ရပါတယ်။

Sehun  - မင်းက ဘယ်အတန်းကလဲ

Lulu  - အထက်တန်းနောက်ဆုံးနှစ် တန်းခွဲ 'E' ကပါ

If Love is Real......Tempat cerita menjadi hidup. Temukan sekarang