Recall.........
Sehun - ဟေ့ကောင် Chen စုတ် ဘာ Oh Se Bu လဲ မင်းနော်
Chen - Haha စတာပါကွာ မင်းကလည်း ငါက မင်းအကြောင်း သိပြီးသားပါကွာ
ပြောပြောဆိုဆို Sehun ဆံပင်တွေဖွကာ Sehun ကို ကလေးတစ်ယောက်ပုံစံမျိုးနှင့် စ, နေလေသည်။ Sehun ကလည်း မျက်နှာကြီး စူပုတ်နေပြီး Chen ကို ပြန်ရိုက်နေလေသည်။ Lulu ကတော့ သူတို့ သူငယ်ချင်းနှစ်ယောက်၏ ချစ်စဖွယ် စနောက်နေပုံကို ကြည့်ကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေလေသည်။
သူမဒီလို မရယ်ရတာ ကြာပြီလေ။
*****************
ဤသို့ Lulu, Sehun နှင့် Chen တို့ သုံးယောက်သား ရောက်တတ်ရာရာ ဟာသတွေပြောကာ ရယ်မောနေကြတုန်း အတန်းပြန်တက်၍ နှုတ်ဆက်ကာ ကိုယ့်အတန်းကိုယ် ပြန်ခဲ့ကြသည်။ Sehun နှင့် Chen က တစ်ခန်းတည်းဖြစ်၍ တူတူပြန်ကြသော်လည်း Lulu ကတော့ အခန်းမတူ၍ တစ်ဖက်လမ်းမှ ပြန်ခဲ့ရသည်။ ဒါပေမဲ့ သူတို့ နောက်လည်း တွေ့ရဦးမှာပဲလေ။ Lulu ပျော်ပါတယ်။ ဒီလိုမျိုး ချစ်စရာ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေ ရလာလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူးလေ။ ခုလို ဖြစ်လာတာ သူကံကောင်းတယ်လို့ ပြောရမှာပေါ့နော်။
**************
In Lulu's class,
Tr - Lulu သမီး ခုအတန်းချိန်ပြီးရင် ဒီစာရင်းထဲမှာပါတဲ့ စာအုပ်လေးတွေ Library မှာ သွားရှာပြီး Tr ဆီ လာပို့ပေးနော်
Lulu - nae…
Lulu က သူတို့အတန်းမှာ အတန်းခေါင်းဆောင်လေ။
အတန်းချိန်ပြီးတော့ Lulu လည်း Tr မှာထားတဲ့အတိုင်း စာအုပ်ရှာဖို့ Library ကို ထွက်လာခဲ့တယ်။ Library ရောက်တော့ သူလည်း စာရင်းထဲမှာပါတဲ့ စာအုပ်တွေကို အသည်းအသန် လိုက်ရှာပါတော့တယ်။ နာရီဝက်ကြာသည်အထိ စာအုပ် ၄ အုပ်သာ ရှာတွေ့သေးသည်။ ရှာရမှာက ၁၀ အုပ်။Lulu - ဟူးးးးး စိတ်ညစ်လိုက်တာ၊ စာအုပ်တွေကလည်း ဘာလို့အဲလောက်ထိ ရှာရခက်လဲ မသိပါဘူး။ ဒီနေ့တော့ ကျောင်းဆင်းရင်တောင် အိမ်ပြန်ရပါ့မလား မသိဘူး။