Recall……
Chen - Ah Sehunnie ကို ဒဏ်ရာပေးပြီး ဆေးပေးလိုက်တဲ့ တစ်ယောက်လား Hee hee
Chen ပြောလိုက်တဲ့ စကားကြားပြီး Sehun ရော Lulu ပါ ရှက်ကိုးရှက်ကန်းတွေဖြစ်ကုန်လေသည်။ Sehun က တော့ စိတ်ထဲကနေ သူ့ချစ်သူငယ်ချင်းကြီးကို မေတ္တာတွေ အပုံလိုက် ပို့နေလေတောသည်။
***********
Chen - anyeong ကျွန်တော့်နာမည် Chen ပါ၊ မျိုးရိုးက 'Kim' တဲ့၊
Sehunnie ရဲ့ chingu ပါLulu - nae ကျွန်မက Lulu ပါ၊ မျိုးရိုးက 'Oh' ပါ။
Chen - အွန် 'Oh' ဟုတ်လား ဒါဆို Sehunnie နဲ့ တူတူပဲပေါ့
Sehun - inn
Lulu - nae majayo ဒါနဲ့ Chen shi နဲ့ Sehun shi က တော်တော်ခင်တဲ့ ပုံပဲ၊ အဲလို အရမ်းချစ်ရတဲ့ သူငယ်ချင်း ရှိတာ တော်တော် ပျော်ဖို့ ကောင်းမှာပဲနော်
Chen - ဟုတ်တယ် Lulu ရဲ့ Sehun နဲ့ ငါက ငယ်ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေလေ၊ အရင်းနှီးဆုံး လူတွေပေါ့ တစ်ယောက်ကို တစ်ယောက်လည်း ပြောမနာ ဆိုမနာလေ heeee
Lulu - nae တကယ်ပဲ အားကျမိပါတယ်
Sehun - Lulu က အားကျတယ်ဆိုတော့ Lulu မှာရော သူငယ်ချင်း မရှိလို့လား
Lulu - nae ကျွန်မမှာ သူငယ်ချင်း များများစားစား မရှိပါဘူး၊ အတန်းထဲမှာလည်း တူတူထိုင်တဲ့ သူငယ်ချင်းရယ်၊ နောက်တစ်ခုံမှာ ထိုင်တဲ့ နှစ်ယောက်လောက်နဲ့ပဲ သိတာ၊ သူတို့နဲ့လည်း ခင်တော့ခင်ပေမဲ့ Sehun shi တို့ နှစ်ယောက်လိုမျိုး ခင်တာတော့ မဟုတ်ဘူးလေ
Chen - အာ့ဆိုလည်း Lulu ငါတို့နှစ်ယောက်ကို ခင်တယ်ဆိုရင် ငါတို့သုံးယောက် အခင်ဆုံး သူငယ်ချင်းသုံးယောက် လုပ်လို့ရတာပဲလေ
ဘယ်လိုလဲ???Lulu - Chen shi တကယ်ပြောနေတာလားဟင်
Chen - တကယ်ပေါ့ ဟုတ်တယ်မလား Sehun
Sehun - ဒါပေါ့
Lulu - ခုလို ကြားရတာ Lulu တကယ်ကို ဝမ်းသာရပါတယ်၊ Lulu ကလေ သူငယ်ချင်းဆို အရမ်းလိုချင်တာ၊ ဒါပေမဲ့ Lulu ဘဝမှာ တစ်ခါမှ သူငယ်ချင်းကောင်း ဆိုတာမျိုးနဲ့ မတွေ့ဖူးသေးဘူး၊ Lulu ကပဲ အမြဲ အနစ်နာခံပေါင်းတာတောင် Lulu ကို အရေးတယူ ဆက်ဆံတာမျိုး မရှိခဲ့ဘူး