Part-8

93 22 2
                                    

Recall.........

နောက်ဆုံးတော့လည်း ကျွန်တော် ဒီတိုင်းအိမ်ပြန်ခဲ့ရသည်။ Lulu နဲ့ တွေ့ချင်ပါတယ်ဆိုမှ မတွေ့ရဘဲ ပြန်ရတဲ့ အိမ်ပြန်ခရီးက ကျွန်တော့်ဘဝမှာ ဝမ်းအနည်းရဆုံး အိမ်ပြန်ခရီးပါပဲ။ တော်သေးတာက ကျွန်တော် စိတ်ညစ်နေမှန်းသိလို့ ဘေးနားက တွတ်တွတ်ထိုးကာ စနောက်နေသော ကျွန်တော့်ရဲ့ BFF ဖြစ်တဲ့ Chen အစုတ်ပလုတ်လေး ရှိနေသေးလို့သာပေါ့။

****************

Next morning......

Sehun - ဟေ့ကောင် Chen မြန်မြန်လုပ်ကွာ

Chen - Oh Sehun ဘယ်လိုဖြစ်နေတာလဲ
ပြီးတော့ပါမယ်ဆိုမှ။ ခုမှ ၇ နာရီပဲ ရှိသေးတာကို

Sehun တစ်ယောက် မနေ့က Lulu နဲ့ မတွေ့လိုက်ရ၍ ယနေ့ စောစောသွားမည်ဆိုကာ မနက် ၆ နာရီခွဲတည်းက အိမ်အထိလာပြီး Chen ကို အိပ်ရာနှိုး၍ ကျောင်းသွားဖို့ ပြင်ဆင်ခိုင်းနေခြင်းဖြစ်သည်။

Chen - လဒရယ် အဲလောက်ဖြစ်နေလည်း ကိုယ့်ဘာသာ တစ်ယောက်တည်းသွားပါလား။ ဘာလို့ ငါ့လာခေါ်နေသေးလဲ။

Sehun - ငါ့မှာတော့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးမို့လို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် အတူတူဆိုပြီး မင်းကိုအမြဲတမ်း စောင့်ခေါ်နေတာကို၊ ဘာလဲ မင်းက ငါနဲ့တူတူ မသွားချင်ဘူးလား။ ရတယ်လေ အဲလိုဆိုတော့လည်း ငါ့ဘာသာ သွားမှာပေါ့။

ပြောပြောဆိုဆို ကျောပိုးအိတ်တွေ ကောက်လွယ်နေတဲ့ Sehun ကို Chen အသေဆွဲထားလိုက်ရသည်။

Chen - aigoo ကိုယ်တော်ရယ် ပြောမိတာမှားပါတယ်။ စိတ်မဆိုးပါနဲ့ ငါမြန်မြန်လုပ်ပြီး ထွက်လာခဲ့မယ်နော်။ ခုတော့ ဧည့်ခန်းထဲမှာ စောင့်နေ ငါအဝတ်အစားလဲမလို့။
Sehun - ဒီတိုင်းလဲတော့ ဘာဖြစ်မှာမို့လို့လဲ၊ မင်းကို ငါက ကြည့်မှာမို့လို့လား။

Chen - သွားပါကွာ မင်းကလည်း ငါရှက်တတ်တာ သိရဲ့သားနဲ့။

Sehun - သူကပဲ ရှက်ရတယ်ရှိသေး။ ပြီးတာပဲ ငါဧည့်ခန်းထဲမှာ စောင့်နေမယ်။ ငါးမိနစ်အတွင်း ပြီးအောက်လုပ်။ မင်းကို ငါ ၆ နာရီခွဲတည်းက နှိုးပြီး ပြင်ခိုင်းနေတာ မျက်နှာသစ်တာ toilet သွားတာနဲ့ ၇ နာရီထိုးသွားပြီ။ မြန်မြန်လုပ် ငါးမိနစ်ပဲနော်။

If Love is Real......Onde histórias criam vida. Descubra agora