Recall......
ဤကဲ့သို့သော မိန်းကလေးမျိုးကို ကျွန်တော် သဘောမကျနိုင်စရာအကြောင်း မရှိဘူးလေ။
ဤသို့ စဉ်းစားရင်း တွေးတောရင်းဖြင့် Sehun တစ်ယောက် ထိုညက စာမကြည့်လိုက်နိုင်ဘဲ အိပ်မက်ကမ္ဘ္ဘ္ဘ္ဘ္ဘာထဲတွင် သူ၏သမင်မလေးနှင့် တွေ့ဆုံနေလေတော့သည်။*****************
Next Morning...
"Yahhh......OH SEHUNNNN......"
ဤမျှသာယာနာပျော်ဖွယ် နားကွဲမတတ် အသံချိုချိုလေးကြောင့်ပင် Sehun တို့ အတွေးနယ်ချဲ့နေရာမှ စိတ်နဲ့လူနဲ့ ပြန်ကပ်လေသည်။
Sehun - Chen ဟေ့ကောင် ဖြည်းဖြည်းအော်ပါကွ၊ မင်းကလည်း နားတောင်ကွဲမယ်။
Chen - မင်းကို ငါခေါ်နေတာ အခါတစ်ရာမကတော့ဘူးကွ။ ငုတ်တုတ်များ သေနေသလားမှတ်ရတယ်။ မင်းကို ခုလိုခေါ်မရတော့ ငါ့အသံကိုတောင် ငါအားငယ်သွားတယ်၊ ငါ့အသံက လုံလုံလောက်လောက် မကျယ်သေးဘူးလားလို့။
Sehun - အမလေး ဒီထက်တော့ မကျယ်လိုက်ပါနဲ့ Chen ရာ၊ မင်းအသံက ခုလိုဆိုရင်တောင် တော်တော်လေးကို လုံလောက်နေပါပြီ။
Chen - လုံလောက်ပြီသာဆိုတယ် အာ့ဆို မင်းဘာလို့ ငါခေါ်တာ မကြားလဲ။
Sehun - ငါမကြားတာက အတွေးလွန်နေလို့ပါကွ။
Chen - ဟဲဟဲ.....အဲလိုလား၊ သိပါဘူး ငါက ငါ့အသံများတိုးသွားလို့လားလို့။
Sehun - ဒါနဲ့မင်းဘာပြောမလို့ ငါ့ကို ခေါ်တာလဲ။
Chen - Aww မနေ့က မင်းကို ဘောလုံးကစားနေတဲ့ ကျောင်းသားတွေကို နာမည်စာရင်းမှတ်ခိုင်းထားတာလေ၊ အဲဒါ အခြေအနေဘယ်လိုရှိလဲ။
Sehun - တော်ပါကွာ မင်းဘာမင်း သိချင်ရင် နောက်ဆို ကိုယ့်ဘာသာလုပ် ငါ့လာမခိုင်းနဲ့၊ ငါ့မှာ မသေကောင်းမပျောက်ကောင်း၊ ခုလို ငါ့ကို အသက်ရှင်လျက် ပြန်တွေ့ရတာပဲ ကံကောင်းလွန်းနေပြီ။
Chen - အမ်??? ဘယ်လိုဖြစ်လို့လဲကွ။
Sehun - #%&*-$@#$&*$%$@&
Sehun တစ်ယောက် မနေ့က ကြုံခဲ့ရသမျှကို စီကာပတ်ကုံး ပြန်ပြောပြလိုက်သည်။