Part-2

158 25 2
                                        

Recall......

Sehun - Fighting......ငါလုပ်နိုင်တယ်။ Oh Sehun တဲ့ တစ် Hun တည်းရှိတယ်။

ဤသို့ဖြင့် Sehun တစ်ယောက် ကိုယ့်ကိုယ်ကို အားပေးကာ ထွက်သွားလေသည်။ ဤသည်ကို သစ်ပင်တစ်ပင်နောက်ကွယ်မှနေ၍ Lulu ဆိုတဲ့ ကောင်မလေး တခစ်ခစ်ရယ်ပြီး ကြည့်နေသည်ကိုတော့ Sehun မသိလိုက်ပါပေ။

*************
At Sehun's flat,

တီ...တီ...တီ...တီ...တီ

Sehun တစ်ယောက် password နှိပ်ပြီး အခန်းထဲ ဝင်လာလိုက်သည်။

Sehun - Hmm......

အခန်းထဲဝင်လိုက်သည်နှင့် တိတ်ဆိတ်မှုက ဆီးကြိုနေသည်ဖြစ်၍ စိတ်မကောင်းစွာ သက်ပြင်းချမိသည်။ Sehun သည် တစ်ယောက်တည်းနေရသူဖြစ်သည်။ မိဘမရှိ၊ ဆွေမျိုးမရှိ တစ်ကောင်ကြွက်ဖြစ်သည်။ ဤသို့သော သူ့အဖြစ်၊ သူ့ဘဝကို သူအလွန်မုန်းသည်။ အလွန်​လည်းအားငယ်​ဝမ်းနည်းသည်​။ သို့​သော်​ သူသည်​ သူငယ်​ချင်းများ​ရှေ့တွင်​ ​ပျော်​​ပျော်​ပဲ ​နေသည်​။ ရင်​ထဲ၌ မည်​မျှ ဝမ်းနည်း​နေ​စေကာမူ အပြင်​သို့ ထုတ်​မပြ​ပေ။ သို့ဖြစ်​၍ သူ့အ​ကြောင်းကို မည်​သူမျှမသိကြ​ပေ။ သူ၏ Best friend ဖြစ်​သည့်​ Chen တစ်​ဦးတည်းသာ ဤအ​ကြောင်းကို သိသည်​။

Chen နှင့်​ Sehun သည်​ ငယ်​စဉ်​တည်းက ​ပေါင်းသင်းလာ​သော သူငယ်​ချင်းများဖြစ်​သည်​။ ထို့​ကြောင့်​ တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ သိကြသည်​။ တစ်​​ယောက်​ကိုတစ်​​ယောက်​လည်း အလွန်​ချစ်​သည်​။ အထူးသဖြင့်​ Chen သည် Sehun ကို အလွန်​ချစ်​သည်​။ မိဘ​တွေမရှိ​တော့၍ တစ်​​ယောက်​တည်းဖြစ်​​နေသူ Sehun ကို ညီအရင်းတစ်​​ယောက်​ပမာ ချစ်​သည်​။ အစစအရာရာ ဂရုစိုက်​​ပေးသည်​။ Sehun ယခုလို ​ကျောင်းဆက်​တက်​နိုင်​ခြင်းမှာလည်း Chen ​ကြောင့်ပင်ဖြစ်သည်။ Chen ၏ မိဘများကလည်း Sehun ကို သားတစ်ယောက်လို သဘောထားသည်။ ကျောင်းစရိတ်ကို နှစ်စဉ် ထောက်ပံ့ပေးသည်။ Sehun အသက် ၈ နှစ်လောက်တွင် မိသားစုနှင့် ခွဲခွာခဲ့ရသည်။ ထိုအချိန်မှစ၍ အလယ်တန်းပြီးသည်အထိ Sehun သည် Chen တို့အိမ်မှာသာ နေခဲ့သည်။ သို့သော် အလယ်တန်းပြီးသည့်နှစ်မှစ၍ Sehun သည် အချိန်ပိုင်းအလုပ်လုပ်ကာ ပိုက်ဆံရှာပြီး အခန်းငှားနေခဲ့သည်။ သူ့ကိုယ်သူလည်း အားကိုးနိုင်ပြီဖြစ်ရာ Chen တို့မိသားစုကို အားနာ၍ တစ်အိမ်တည်းမနေတော့ခြင်းဖြစ်သည်။ ဤသည်ကို သိသွားသော Chen ၏ အဖေက သူ့အတွက် တိုက်ခန်းတစ်ခန်းဝယ်ပေးခဲ့သည်။ Sehun ကငြင်းသော်လည်း သူ၏သားတစ်ယောက်အဖြစ် သက်မှတ်၍ ဝယ်ပေးခြင်းဖြစ်သည်ဆို၍ လက်ခံခဲ့ရသည်။ ထိုအချိန်မှစ၍ Sehun တစ်ယောက်တည်း ယနေ့အထိ နေလာခြင်းဖြစ်သည်။

*************

အခန်းထဲရောက်သည်နှင့် Sehun လွယ်အိတ်ကို စားပွဲပေါ်တင်လိုက်ကာ ရေချိုးရန်ပြင်လိုက်သည်။ ထို့နောက် ရေမိုးချိုး အဝတ်အစားလဲကာ အစာပြေတစ်ခုခု စားလိုက်သည်။ ထို့နောက် စာလုပ်ရန် စားပွဲ၌ ထိုင်လိုက်စဉ် သူ့ဒဏ်ရာက နာလာ၍ ဆေးထပ်လိမ်းလိုက်သည်။ နောက် ဆေးပါ တစ်ခါတည်းသောက်လိုက်သည်။ သူ ကျောင်းကအပြန် ဆေးဆိုင်မှ ဝယ်လာသည်လေ။

သူစာပြန်ကြည့်ရန် ဟန်ပြင်​နေစဉ်မှာပဲ ညနေက သူ့ကို ဆေးပေးခဲ့သော သမင်မလေးကို သတိရသွားသည်။ ဤကောင်မလေး၏ သွက်လက်ချက်ချာမှု၊ ချစ်စရာကောင်းမှုက သူ့ကို ဆွဲဆောင်နေသည်။ ရုပ်ရည်ကလည်း ပြောစရာမလိုအောင် နတ်သမီးတမျှ ချောမောလှပလွန်းသည်။ တကယ်တော့ ကျွန်တော် Oh Sehun နတ်သမီးကို တစ်ခါမှ မမြင်ဖူးပါ။ သို့သော်လည်း ဤကောင်မလေး၏ အလှက လူတွေတင်စားပြောဆိုနေကြသည့် နတ်သမီး၏ အလှနှင့် နှိုင်းယှဉ်၍ ရနိုင်လောက်သည်။ ဤကဲ့သို့သော မိန်းကလေးမျိုးကို ကျွန်တော် သဘောမကျနိုင်စရာအကြောင်း မရှိဘူးလေ။
ဤသို့ စဉ်းစားရင်း တွေးတောရင်းဖြင့် Sehun တစ်ယောက် ထိုညက စာမကြည့်လိုက်နိုင်ဘဲ အိပ်မက်ကမ္ဘ္ဘ္ဘ္ဘ္ဘာထဲတွင် သူ၏သမင်မလေးနှင့် တွေ့ဆုံနေလေတော့သည်။

Part-2 End

If Love is Real......Where stories live. Discover now