Recall မခေါ်တော့ဘူးနော်
Lulu's POV:
ဒီနေ့ အိမ်ပြန်ရောက်ရင်ရော အဆင်ပြေပါ့မလား။ ဒီနေ့တော့ ဘာအမှားမှမလုပ်ထားပါဘူး။ တစ်ခုပဲ Sehun တို့နဲ့တူတူ အိမ်ပြန်လာတာက လွဲလို့ပေါ့။ ဒေါ်လေးက Sehun နဲ့ Chen ကို သိလို့လားတော့ မပြောတတ်ဘူး။ ဘာလို့ သူတို့နဲ့ မပေါင်းခိုင်းတာလဲဆိုတာ လုံးဝစဉ်းစားလို့မရဘူး။ Lulu ဒေါ်လေးပြောစကားကို အမြဲနားထောင်ခဲ့တယ်။ ဒီတစ်ခါပဲ... ဒီတစ်ခါလေးပဲ နားမထောင်ပါရစေနဲ့။ Sehun နဲ့ Chen ဆိုတာ Lulu အတွက် အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းတွေပါ။ သူတို့လို သူငယ်ချင်းမျိုး မတွေ့ခဲ့ဖူးသေးတာ အမှန်ပါ။ သူတို့က သူငယ်ချင်းကောင်းပီသတယ်။ အချင်းချင်း ရိုင်းပင်းကူညီတယ်။ နောက်ပြီး Lulu အပေါ်မှာလည်း တစ်ခါတစ်လေ အစ်ကိုတွေလိုဆက်ဆံတတ်တယ်။ Lulu ကို ညီမလေးတစ်ယောက်လို အလေးပေးစောက့်ရှောက်ကြတယ်။ သူတို့နဲ့နေရတာ တကယ်ပျော်တယ်။ တစ်သက်လုံးမရခဲ့ဖူးတဲ့ အကြင်နာတွေ မေတ္တာတွေကို သူတို့နဲ့ကျမှ ခံစားဖူးတာပါ။ ဘာပဲဖြစ်နေပါစေ သူတို့ကိုတော့ မဆုံးရှုံးပါရစေနဲ့။ သူတို့ကို Lulu တကယ် သံယောဇဉ်ရှိလို့ပါ.....။
**************
ကံတရားက Lulu ဘက်မှာ ရှိမနေဘူးထင်ပါရဲ့။ Sehun တို့နဲ့တူတူပြန်လာတာမြင်မှာစိုးလို့ ဘယ်လိုလုပ်ရမလဲ တွေးနေချိန်မှာပဲ ဒေါ်လေးက မျက်နှာချင်းဆိုင်ကနေ အိမ်ကိုပြန်လာတာနဲ့ တိုးနေတော့တယ်။ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး သူတို့ကို နှုတ်ဆက်ပြီး အိမ်ထဲဝင်လာလိုက်တယ်။
Lulu - ပြန်ရောက်ပါပြီ
Arjuma - Lulu ခုနကနှစ်ယောက်က ဘယ်သူတွေလဲ
Lulu - Lulu့ သူငယ်ချင်းတွေပါ
Arjuma - သူငယ်ချင်းတွေမှန်းသိတယ် ဘယ်သူတွေလဲလို့မေးတာ
ဒေါ်လေးအသံက နည်းနည်းတင်းလာတော့ Lulu လည်း အမှန်အတိုင်းပဲပြောလိုက်တယ်။
Lulu - Sehun နဲ့ Chen ပါ imo (aunt)
Arjuma - သူတို့က ဘယ်သူတွေလဲ ဟိုကောင်လေးနှစ်ယောက်လား
![](https://img.wattpad.com/cover/59190654-288-k30650.jpg)