Lulu - nae?? ဒေါ်လေးနဲ့သိတယ်ဟုတ်လား
Jisan - ဘာလဲမယုံလို့လား အဲဒါဆိုလည်း အိမ်ရောက်မှ ဟုတ်မဟုတ်မေးကြည့် ဟုတ်ပြီလား ခုတော့ကားပေါ်တက်တော့နော်
ဒေါ်လေးနဲ့သိနေတယ်။ ဘယ်တုန်းကလဲ Lulu တောင်မသိပါလား။ စိတ်ထဲသိပ်တော့မယုံချင်ဘူး ဟုတ်ပါ့မလား။ ဒါပေမယ့်လည်း ဘယ်လိုမှငြင်းမရတော့ ကားပေါ်တက်လိုက်ရတယ်။ အိမ်ရောက်မှပဲ မေးကြည့်ရတာပေါ့။
Lulu ကတော့ Jisan ရဲ့ကားပေါ်မှာ စိတ်တထင့်ထင့်နဲ့ ပါသွားပြီပေါ့။ ဒါထက်ပိုစိတ်ထင့်စရာရှိသေးတယ်ဆိုတာကိုတော့ Lulu မသိလိုက်ပါ။ အကြောင်းကတော့ အတန်းမရှိပေမယ့် မုန့်သွားမစားရမယ့်အတူ မပြန်သေးဘဲ basketball ကစားမယ်ဆိုကာ ကစားနေတဲ့ Sehun နဲ့ Chen တို့နှစ်ယောက်လုံး gate ဘက်ကိုထွက်လာရင်း သူတို့ကိုတွေ့လိုက်တယ်ဆိုတာကိုပဲ..... ။
Jisan ကတော့ Lulu ကို ခုလိုခေါ်လာနိုင်တဲ့အတွက် သိပ်ကိုကျေနပ်နေလေတယ်။ ဒီလိုမျိုးနေ့တိုင်း သူ့ကားနဲ့လိုက်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးနေမိတယ်။ ဒါပေမဲ့ Lulu လက်မခံလောက်ဘူးဆိုတာကိုလည်း သူတွေးမိပါတယ်။ Lulu နဲ့နီးစပ်ဖို့ဆိုရင် အရင်ဆုံးသူ့ဆီက ယုံကြည်စိတ်ချမှုရမှဖြစ်မယ်လို့ သူထင်တယ်။ အဲဒါမှ သူနောက်တစ်ဆင့်ထပ်တက်လို့ရမှာလေ။ ဒါကြောင့်လည်း Lulu သဘောမကျတဲ့အရာတွေကို မလုပ်ဖို့သူဆုံးဖြတ်လိုက်တယ်။ ဖြည်းဖြည်းချင်းညှိသွားနိုင်မှာပါ။ ဒါပေမဲ့ တစ်ခုပဲ။ အဲ့တစ်ခုက တခြားမဟုတ် Oh Sehun... ဟုတ်တယ် သူပဲ။ သူ Lulu နားမှာရှိနေသရွေ့ Lulu နဲ့ သူ နီးစပ်ဖို့ဆိုတာ ဘယ်လိုမှမလွယ်တဲ့အရာပဲ။ ဒီကိစ္စကို ဘယ်လိုလုပ်ရပါ့မလဲ။ အဓိကက Lulu ရဲ့ ယုံကြည်မှုပဲ။ ဘာပဲဖြစ်ဖြစ် Lulu နဲ့ဒီထက်ပိုရင်းနှီးအောင် လုပ်ရမယ်။ နောက်မှကျန်တဲ့ကိစ္စတွေ စဉ်းစားတော့မယ်။
****************
အိမ်ရှေ့ရောက်လို့ ကားရပ်လိုက်တာနဲ့ Lulu တစ်ယောက် ကားပေါ်ကအမြန်ဆင်းလိုက်တယ်။ ဟုတ်တယ် သူမွန်းကျပ်နေပြီလေ။ ဘယ်လောက်ပဲ ကားအကောင်းစားဖြစ်နေပါစေ သူ့အတွက်စိတ်လွတ်လပ်မှုလည်းမရှိသလို နေရထိုင်ရလည်း မသက်သာပါ။ စီးလာတဲ့လမ်းတစ်လျှောက်လုံးလည်း သူတွေးလာမိတာက အရင်နေ့တွေက အတူပြန်နေကျ သူချစ်ရတဲ့သူ့သူငယ်ချင်းနှစ်ယောက်ကိုပဲ။ ဒီသူငယ်ချင်းတွေကို လိမ်ခဲ့ရလို့လည်း သူစိတ်မကောင်းဖြစ်ရသည်။ တကယ်ကိုစိတ်မကောင်းပါဘူး။ နောက်တစ်ခါ ဘာကိစ္စပဲရှိရှိ Lulu အမှန်အတိုင်းပဲ ပြောတော့မယ်။