Part-16

92 16 4
                                        

ဒီနေ့ညီမလေးနဲ့ မွေးနေ့တစ်ရက်တည်းတူတဲ့ ကောင်မလေးတစ်ယောက်ကို oppa စိတ်ချမ်းသာအောင်လုပ်ပေးခဲ့တာကို ညီမလေးပါမျှဝေယူလိုက်ပါနော်။ အရမ်းသတိရနေတယ် ညီမလေးရယ်......။

-*-*-*-*-*-*-

Sehun သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်နေမိသည်။ သူ Lulu့ အပေါ်ထားတဲ့ သဘောထားကိုပေါ့…။ Lulu ကို ချစ်နေမိပြီဆိုတာကိုတော့ သူ့ကိုယ်သူသိသည်။ Lulu ကလည်း သူ့အပေါ်မှာ သူငယ်ချင်းတစ်ယောက်ထက်တော့ပိုသည်ဟု သူယုံကြည်နေမိသည်။ သို့ပေမယ့် Lulu ကိုဖွင့်ပြောဖို့အနေနဲ့ကျတော့ သူ့ခံစားချက်ကိုသူ မသေမချာဖြစ်နေသည်။ သူ Lulu ကိုတကယ်ပဲ ချစ်ရသူတစ်ယောက်အနေနဲ့ ချစ်နေမိတာလား…ဒါမှမဟုတ် တခြားအကြောင်းပြချက်တစ်ခုကြောင့်ပေလား မသိ။ အခြားတော့မဟုတ်… သူ့မှာညီမလေးကို လွမ်းနေမိတဲ့စိတ်အခံနဲ့ Lulu အပေါ် ညီမလေးတစ်ယောက်လို တွယ်တာနေမိတာလားဆိုပြီး တွေဝေနေမိခြင်းသာဖြစ်သည်။ အကယ်၍များ အဲလိုဖြစ်နေခဲ့ရင် ခုကတည်းက နောက်ဆုတ်လိုက်တာကတော်သည်… နောက်ပိုင်းမှကိစ္စတွေ ပိုရှုပ်ထွေးလာမှာ သူမလိုလား…။

ဒါပေမယ့်လည်း သူသေချာစဉ်းစားကြည့်ပြန်တော့ Lulu အပေါ်မှာ သူမရိုးသားတာက သေချာနေပြန်သည်။ Lulu အနားမှာရှိနေလျှင် ရင်တွေထိန်းမရအောင် ခုန်နေတတ်တာလည်း သူအသိ…။ Lulu တစ်ခုခုဖြစ်မှာကိုလည်း ကိုယ်ဖြစ်မှာထက် ပိုစိုးရိမ်နေတတ်သည်ပဲမဟုတ်လား။ နောက်ထပ်သေချာတာတစ်ခုက သူ Lulu နဲ့စတွေ့တုန်းက Lulu နဲ့ပတ်သတ်ပြီး ပထမဆုံးတွေးမိတဲ့အတွေးက အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ပဲလို့…ညီမလေးတစ်ယောက်အနေနဲ့မဟုတ်ဘဲ ကောင်မလေးတစ်ယောက်အနေနဲ့ပေါ့။ နောက်ပြီး Lulu နဲ့အတူတူရှိနေတဲ့အချိန်တွေမှာဆိုရင် အရာအားလုံးကိုမေ့ပြီး လွတ်လွတ်လပ်လပ်ပျော်ရွှင်ရယ်မောနေမိသည်မဟုတ်လား…သူ့မိဘတွေနဲ့ ညီမလေးကိုပါ မေ့ထားမိတဲ့အထိပေါ့။ အဲဒါကိုကြည့်ရင်ပဲ သူ Lulu ကို ညီမလေးတစ်ယောက်အနေနဲ့လည်းမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်ဆိုတာထက်ပိုတဲ့ အချစ်မျိုးနဲ့ ချစ်နေမိတယ်ဆိုတာကို တစ်ထစ်ချယုံကြည်လို့ ရနေပြီပဲမဟုတ်လား။ လူတွေသတ်မှတ်ထားတဲ့ ၁၅၀၀ ဆိုတဲ့အချစ်မျိုးနဲ့ပေါ့။

If Love is Real......Tempat cerita menjadi hidup. Temukan sekarang