Part-15

105 14 4
                                    

ယနေ့အဖို့တော့ Lulu အတွက် အမှတ်တရနေ့လေးဖြစ်သည်နှင့်အညီ စိတ်ပျော်ရွှင်မှုနှင့်အတူ အိပ်ရာမှကြည်လင်စွာ နိုးထလာခဲ့သည်။ April 20 ရက်နေ့... အင်း April 20 ရက်နေ့က Lulu ရဲ့မွေးနေ့လေ... Lulu အတွက်တော့ တစ်နှစ်လုံးမှာမှ ဒီတစ်ရက်လေးပဲ မွေးနေ့အနေနဲ့ အမှတ်တရရှိတာပါ... ကျန်တဲ့ရက်တွေကတော့ ဘာမှထူးခြားမှုမရှိဘဲ ဒီတိုင်းကုန်ဆုံးသွားမြဲပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ Sehun နဲ့ Chen ဆိုတဲ့ ချစ်စရာသူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ Lulu အတွက် နေ့ရက်တိုင်းဟာ အမြဲလိုလိုထူးခြားနေပြီး ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေခဲ့ပါသည်။ ဒါ့ကြောင့်လည်း ဒီနှစ်မှာကျရောက်လာတဲ့ Lulu ရဲ့မွေးနေ့လေးမှာ သူတို့နှစ်ယောက်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းချင်မိတာ Lulu လောဘကြီးတယ်လို့တော့ မဆိုနိုင်လောက်ပါဘူးနော်။ ဟိုတစ်ခါ Sehun မွေးနေ့တုန်းက Lulu တို့သုံးယောက် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သလို ဒီနေ့ Lulu မွေးနေ့မှာလည်း အဲ့နေ့တုန်းကလိုပဲ ပျော်ရွှင်ချင်မိသည်။ သြော် ခုမှစဉ်းစားမိသည်... Lulu နဲ့ Sehun က တစ်လတည်းမှာပဲ မွေးခဲ့တာပေါ့... ။ ဒါဆို Lulu တို့က မွေးလတူပြီး ရှစ်ရက်ပဲကွာတာပေါ့...အဟင်းဟင်း။ ဘာလို့မှန်းမသိ အဲဒီအတွေးလေးကပဲ Lulu ရင်ထဲကြည်နူးသွားစေပြီး ပြုံးပျော်စေခဲ့တာတော့ အမှန်ပင်။ မဖြစ်သေးပါဘူး...တွေးနေတာနဲ့ပဲ အချိန်တွေကုန်ပြီး ကျောင်းမမီဘဲ နေဦးမယ်။ ဒါနဲ့ပဲ Lulu တစ်ယောက် ကျောင်းသွားဖို့ အမြန်ပြင်ဆင်ရတော့သည်။

***********

Lulu : ဟောဟဲ...ဟောဟဲ mian Lulu နောက်ကျသွားတယ်

ထင်သည့်အတိုင်းပင် Lulu နောက်ကျပါတော့သည်။ ခါတိုင်းဆို Sehun တို့ကို Lulu ကသာ စောင့်ရသည်။ ဒီနေ့တော့ သူတို့နှစ်ယောက်လုံး ပန်းခြံလေးကိုရောက်သည့်အထိအောင် Lulu ရောက်မလာသေး။ ကျောင်းသွားဖို့ပြင်ဆင်ပြီးနေသော်လည်း ဒီနေ့သူ့မွေးနေ့ဖြစ်သည့်အတွက် Sehun တို့ကို သူကိုယ်တိုင်လုပ်ထားသည့် မုန့်များကျွေးချင်၍ ပြင်ဆင်နေတာနှင့်ပင် အချိန်ကြာသွားသည်။ Sehun ဆီက ph ဝင်လာတော့မှ Lulu တစ်ယောက် ကရောသောပါး ပြင်ဆင်ပြီး ပန်းခြံလေးဆီသို့ ဒုန်းဆိုင်းပြေးခဲ့ရသည်။

If Love is Real......Wo Geschichten leben. Entdecke jetzt