Recall......
Sehun's POV : "Boya? ဒီလောက်ထိ ဒဏ်ရာရထားတာကို ခု ကျောက်ခဲနဲ့ ထပ်ပြီး..... Ahhaha သေပါပြီ"
Someone - Gwinchanayo???
အသံလာရာကြည့်မိလိုက်တော့..........
**********************
Lulu - Hmm...
Lulu စိတ်မသက်သာစွာပဲ သက်ပြင်းချမိသည်။ ယနေ့ သူသက်ပြင်းချမိသည်မှာ ခဏခဏပင် ဖြစ်သည်။ မနက်မိုးလင်းတည်းကပင်။ ရင်ထဲ၌လည်း မကြည်မလင်နှင့် ဝမ်းနည်းမှုက ကြီးစိုးနေသည်။ ယနေ့မှ ဘယ်လိုဖြစ်သည်မသိ၊ သူ၏ ဆုံးပါးသွားပြီဖြစ်သော မိဘများကို အလွန်လွမ်းဆွတ်နေမိသည်။ ယခင်နေ့များက သတိရတတ်သော်လည်း ဤသို့မဟုတ်၊ ယနေ့မှ စိတ်ထဲ အလွန်ပင် အထီးကျန်နေသလို ခံစားနေရသည်။ သူ၏ အစ်ကိုဆိုသူကိုလည်း လိုက်ရှာနေသည်မှာ သုံးလေးနှစ်မျှ ကြာလှပြီ။ ယနေ့အချိန်ထိ သတင်းအစအနပင် မရသေး။ ပိုခက်သည်က ငယ်ငယ်တည်းက ကွဲသွားသည်ဖြစ်၍ ရုပ်ပင်မမှတ်မိချေ။ အစ်ကိုရှိသည်ဆိုတာတောင် အဒေါ်က ပြောပြ၍ ပြန်မှတ်မိခြင်းဖြစ်သည်။ ထိုအစ်ကိုနှင့်ပတ်သက်၍လည်း ကလေးတုန်းက ဓာတ်ပုံသာရှိ၍ ကောက်ရိုးပုံထဲ အပ်ရှာရသလို ခက်ခဲလွန်းလှသည်။
Lulu - Hmm...
ထပ်၍ သက်ပြင်းချမိပြန်သည်။ သို့သော် သူလုံးဝ လက်မလျှော့နိုင်ပါ။ တစ်ချိန်ချိန်တော့ တွေ့ရမည်ဟု ယုံကြည်နေမိသည်။ သူ ဤသို့ စိတ်ညစ်မနေသင့်ပေ။ ငယ်ငယ်တည်းက အကျင့်အတိုင်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျောက်ခဲလေးတွေ ထည့်ထားသော အိတ်လေးကို လွှဲကာ ဆော့နေမိသည်။ ဤသည်မှာ သူငယ်ငယ်တည်းက စိတ်ညစ်လျှင် ဝမ်းနည်းလျှင် လုပ်နေကျ အကျင့်တစ်ခု။ အစွဲရယ်လို့တော့ မရှိ။ သို့သော် အိတ်ထဲမှ ကျောက်ခဲလေးများကတော့ ငယ်ငယ်က သူ့ဖေဖေရှာ၍ ကောက်ပေးခဲ့သော အရောင်စုံ ကျောက်ခဲလှလှလေးများ ဖြစ်သည်။ သိပ်တော့မများလှ၊ ၈ ခဲလောက်သာ ရှိမည်။ ထိုကျောက်ခဲလေးများကို မပျောက်အောင် အိတ်ရှုံ့လေးတစ်ခုထဲ ထည့်ကာ သိမ်းထားလေသည်။ ဤပစ္စည်းလေးမှာ တစ်နည်းအားဖြင့် သူ့ဖေဖေပေးခဲ့သော နောက်ဆုံးလက်ဆောင်ဟုပင်ဆိုနိုင်လေသည်။ သို့ဖြစ်၍ ထိုအိတ်လေးကို တန်ဖိုးထားသလို စိတ်ညစ်တိုင်း ထိုအိတ်လေးကို လွှဲကာ စိတ်ညစ်မှုများ လွင့်ပါသွားသည်ဟု မှတ်၍ ကစားလေ့ရှိသည်။
ရုတ်တရက်.......
