တယ်​လီ​နော ဇီးကွက်

618 66 8
                                        

Zzzzzzz...

ပင်​ပန်းလွန်းလို့​အ​သေငိုက်​ပြီး အိပ်​​တော့မယ်​ဆိုပြီး ၁၁နာရီalarm ​ပေးထားတယ်​. ​ရွှေဇီးကွက်​လုပ်​​ကျွေးရ​ပေတာကိုး.

ဇီးကွက်​အစီအစဉ်​ကလည်းတကယ်​မက်​​လောက်​စရာ​ပေကိုး.. 1MB 1ကျပ်​ဆို​တော့စဉ်းစားသာကြည့်​ကြပါ​တော့.ပုံမှန်​နှုန်း​ထက်​ ၅ဆ​လောက်​ကိုကွာ​နေ​တော့ သုံး​ပျော်​တာ​ပေါ့. အအိပ်​မက်​တဲ့ကျုပ်​​တောင်​သွက်​သွက်​ခါစွဲလမ်းသွားပါတယ်​ဆို..

ဒါ​ပေမယ့်​ တကယ်​အိပ်​ပြီး အဲ့အချိန်​ထနိုင်​ဖို့ဆိုတာ တကယ်​မလွယ်​တဲ့အလုပ်​. တခါတ​လေ အရမ်းပင်​ပန်း​နေတဲ့အချိန်​မျိုးဆိုပိုဆိုး. ထပြီး Alarmပိတ်​တာ​တောင်​မှ အိပ်​မက်​လိုလိုဘာလိုလိုဖြစ်​တတ်​​သေးတာ.

Zzzzz..

ခု​တောင်​ဘာ​ရေးလို့​ရေး​နေမိမှန်း​တောင်​မသိပါဘူး. အ​တော်​ငိုက်​​နေပြီ. ဒီရက်​မျိုးဆိုပိုဆိုး ​ကျောင်းဖွင့်​ရက်​​လေ. မနက်​အ​စောကြီးထပြီး ည​နေ၄ရာရီမှ​ကျောင်းပြီးတယ်​. ကြားထဲ​မှေးချိန်​ဆိုလို့ ဘတ်​စ်​ကား​ပေါ်ပဲယိမ်းထိုးငိုက်​မျဉ်းချိန်​ပဲရှိတာကလား. ​ကျောင်းပိတ်​ရက်​​တွေ​တော့မဆိုးပါဘူး. ​နေ့လည်​ပိုင်းအ၀အိပ်​ထားပြီး ညကျတ၀ကြီးသုံးလို့ရတယ်​.

ဇီးကွက်​တဲ့ဗျ. မျက်​လုံးက​တော့ပန်​ဒါမျက်​လုံး U_U

______________
Good night. Sleep tight, my beloved readers.

I Write And I Mean ItМесто, где живут истории. Откройте их для себя