Losing the Dark

101 14 2
                                        


ဒီညလည်း ထုံစံအတိုင်း ကြယ်တွေကြည့်ဖို့ ကောင်းကင်ကို မော့်ကြည့်လိုက်တယ်။ ထုံးစံအတိုင်း ကြယ်တွေက အားမရစရာပါပဲ။ ကျိုးတိုးကျဲတဲနဲ့။

ဒီမြို့ကိုရောက်ပြီး ကြယ်တွေကို ပထမဆုံးအကြိမ် မော့်ကြည့်တဲ့ညကို မှတ်မိသေးတယ်။ လူမရှိတဲ့၊ ကားရှင်းတဲ့လမ်းပေါ်မှာ စက်ဘီးနင်းနေရင်း အပေါ်မော့မိလိုက်တာ၊ ကြယ်တွေဟာ အဲ့သလောက်နည်းလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ ကောင်းကင်ကလည်း ညလို့တောင် မခေါ်ထိုက်။ ဘယ်မလဲ မဟူရာညဆိုတာ။ အရည်အသွေးညံ့တဲ့ နီလာကျောက်ကို တိမ်ဖုံးနေသလို ခပ်မှိုင်းမှိုင်းအရောင်ကြီး။ ညဆိုတာ မှောင်နေရမှာပေါ့၊ ဘယ်လိုဖြစ်လို့ လင်းနေရတာလဲ၊ စိတ်ထဲ မတင်မကျနဲ့၊ စိတ်ချဉ်ပေါက်လိုက်ပါသေးတယ်။ အရင်ကလို"ညရောက်တော့မယ်၊ မှောင်လာပြီ"လို့ ပြောလို့မရတော့ဘူး။ ညခုနစ်နာရီထိုးတာတောင်မှ လင်းလင်းချင်းချင်းကြီးနဲ့။

အရင်က ကြယ်တွေအများကြီးထွက်နေကျ ကောင်းကင်ကို မြင်နေတုန်းကတော့ မြင်နေကျမို့ ထင်ပါရဲ့။ သိပ်ပြီးအလေးမထားမိခဲ့သလို အလေးထားစရာလို့လည်း တစ်ခါမှ မထင်ပါဘူး။ ခုကျတော့လည်း အဲ့ဒီညမပီသတဲ့ညတွေနဲ့ပဲ ရင်းနှီးလာခဲ့တယ်။ အလင်းတွေ ညစ်ညမ်းနေတဲ့ ညကောင်းကင်ကြီးမှာ ကြယ်နည်းနည်းလေးများပိုတွေ့လိုက်ရရင် ဝါးခနဲတောင် ပါးစပ်ကထွက်ပြီး ပျော်မိတဲ့အထိပါပဲ။

ခုများတော့ မြို့ရဲ့ Light pollution သင့်နေတဲ့ ညကောင်းကင်ကြီးပေါ့။ ကျုပ်အတွက်တော့ တော်တော် စိတ်ကသိကအောက်ဖြစ်စရာပါ။ တစ်ဆက်တည်းသွားတွေးမိတာက ကမ္ဘာရဲ့ အတိုးတက်ဆုံးမြို့ကြီးတွေတို့၊ တိုးတက်နေတဲ့မြို့တွေတို့ New York တို့ Japanတို့၊ Seoul၊ LA၊ Beijing စသဖြင့် စသဖြင့်ပေါ့။ အဲ့မြို့တွေမှာဆို ပိုဆိုးလိမ့်မယ်ထင်တယ်။ City doesn't sleep at night တို့ ဘာတို့ သီချင်းတွေတောင်ရေးကြသေးတာပဲ၊ Welcome to New York, The lights are so bright but they never blind me တို့ဘာတို့၊ သေချာပါတယ် သူတို့သီချင်းရေးနေတုန်းကတော့ မမှောင်တော့တဲ့ကောင်းကင်ကြီးအကြောင်းတွေးနေမှာ မဟုတ်ဘူးဆိုတာ။ လင်းထိန်နေတဲ့ သူတို့မြို့ကြီးကိုပဲ ဂုဏ်ယူပြီးရေးကြတာပါပဲ။ ကျုပ်လည်း သီချင်းတွေဆိုတုန်းကတော့ ကြိုက်နေတာပဲ၊ ဟာ ထိန်လင်းတောက်ပနေတဲ့ New York City ကြီးပေါ့။ ခုတော့ဖြင့် အဲ့သီချင်းတွေဆိုတိုင်း ဒီကောင်းကင်နဲ့ တွဲမြင်ပြီး စိတ်တောင်ညစ်ချင်လာသလို ဖြစ်လာသဗျ။ ရန်ကုန်မှာရော ဒီလိုပဲလားတော့ မသိ။ ရန်ကုန်ကကျတော့ တိုက်တွေများလွန်းလို့ အပေါ်မော့မကြည့်ဖြစ်။

I Write And I Mean ItWhere stories live. Discover now