ကျုပ်နှင့် ဘိတ်မြို့ (တတိယပိုင်း)
အို....... ရှပ်သီးကင်။ခုဆိုမစားရတာဘယ်နှနှစ်တောင်ရှိသွားပြီလဲ။ နှစ်တွေဘယ်လောက်ကြာပါစေ မီးဖိုကချခါစအငွေ့တထောင်းထောင်းရှပ်သီးကင်ချောင်းလေးတွေကိုတွေးကြည့်ရုံနှင့် သွားရည်တွေကျနေဆဲပါကွယ်။ စားချင်လွန်းလို့ မျက်ရည်တောင်လည်မိတယ်ဆိုတာ သူနဲ့မှကြုံရတာမျိုး။ သူသည်လည်း ဘိတ်တစ်မြို့တည်းမှာသာရနိုင်သည့်အစားအစာဖြစ်သည်မို့။
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
ရှပ်သီးကင်ဟုဘိတ်အခေါ်အဝေါ်ကို စာဖတ်သူတို့သိချင်မှသိလိမ့်မည်။ ဒါပေမယ့် ဂုံးကောင်လေးတွေကိုကား သိကြမည်ထင်ပါသည်။ ထိုဂုံးကောင်တွေကိုပင် ဘိတ်က ရှပ်ဟုခေါ်ကြခြင်းဖြစ်၏။ ထိုအကောင်ငယ်လေးတွေကိုတုတ်ချောင်းတစ်ချောင်း၌သီတန်းကာကင်သောကြောင့် ရှပ်သီကင်ဟုခေါ်ခြင်းဖြစ်နိုင်ပါသည်။ ကျုပ်တို့မူကား ရှပ်သီးကင်ဟုခေါ်သည်။အထက်ပြည်မှအများစုစားပုံစားနည်းက အခွံမာလေးကိုကိုင်၍အထဲမှအကောင်ကိုနှိုက်ယူစားကြသည်။ စားသောက်ဆိုင်ကြီးများတွင် ဣနြေ္ဒရရစားကြသည်။ အခုပြောသည့် ဘိတ်မြို့ကရှပ်သီးကင်သည်ကား စားသောက်ဆိုင်တွေမှာရသော ထိုဂုံးကောင်တွေကိုဆိုလိုခြင်းမဟုတ်။ ရှားပါးသောအစားအသောက်မဟုတ်သောကြောင့် စားသောက်ဆိုင်အတော်အများမှာလည်း ပေါချင်းအောချင်းတွေ့နိုင်ပါသည်။ သို့သော် ကျုပ်အတွက်မူ အကင်ချင်းအတူတူတောင်မှ လမ်းဘေးကအငွေ့ထောင်းထောင်းကင်နေသောရှပ်သီးကင်တွေမှသာ အနံ့၊အရသာနှင့်ပြည့်စုံသည်ဟု ထင်ရ၏။ ထိုရှပ်သီးကင်သည်များကို ရပ်ကွက်တွေ၏လမ်းသွယ်တွေအချို့မှာမြင်တွေ့နိုင်ပါသည်။ ဈေးကလည်းတန်တာမှ တစ်ချောင်းမှ ၅၀၊ တစ်ခါတစ်ခါ ၅၀၀ဖိုး၊ ၁၀၀၀ဖိုးတွေဝယ်လျှင် အဆစ်ပါရနိုင်သေး၏။ (လွန်ခဲ့သောငါးနှစ်တုန်းကဈေးဖြစ်သောကြောင့် ခုထက်ထိတိုင်မပြောင်းလဲဟုမဆိုနိုင်ပါ) အခြောက်လှန်းထားသော ရှပ်သီကင်အချောင်းတွေလည်းရှိသည်။ သူတို့ကတော့ ကုန်စုံဆိုင်တွေ၌အထုပ်လိုက်ရောင်းတတ်သည်။ သို့သော် သူတို့က မာတောင့်နေပြီးဝါးရခက်သောကြောင့် ကျုပ်တော့မကြိုက်။ ကြွတ်ကြွတ်ကြော်စားလျှင်ပိုကောင်းသည်။ ဒါပေမယ့်လည်း အစိုကင်အရသာကိုတော့ လုံးဝမမီပါ။
ВЫ ЧИТАЕТЕ
I Write And I Mean It
Документальная прозаဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
