Forget about this damn truth.
Let's talk about facts.
.
.
မနေ့က Facebook မှာ ပို့စ်တစ်ပို့်စ်တွေ့ပြီး Share ပြီးပြောရမှာ ရှည်လို့ ဒီလိုပဲ ရေးတင်လိုက်တယ်။ ဘာသာတရားအကြောင်းပါလို့ ကျော်ချင်သူတွေ ကျော်သာသွားလိုက်ပါနော်။
.
.
.
ငယ်ငယ်တုန်းက ပုံမှန်ဘုရားရှိခိုးတယ်။ ဘာအတွေးမှ မရှိဘူး၊ ဒီအတိုင်း အကျင့်လုပ်ထားလို့ပဲ။ ပုံမှန်ရှိခိုးနေရာကနေ လူငယ်တွေရဲ့ "ဘုရားရှိခိုးမှ ဗုဒ္ဓဘာသာမဟုတ်၊ ကောင်းတာလုပ်ကောင်းတာဖြစ်မှာပဲ" ဒီလိုပြောတဲ့ စာတွေဖတ်မိပြီး "ဟုတ်သားပဲ ကောင်းတာလုပ်ဖို့ပဲ လိုတာ, ဘုရားကလည်း သူ့ကိုရှိခိုးဖို့ မပြောဘူး" ဆိုပြီး တော်တော်ကြာသည်အထိ ဘုရားရှိခိုးတစ်ချက်၊ မရှိခိုးတစ်ချက်။ အမေကလည်း ပို့စ်တင်တဲ့သူပြောသလို ပြောတော့တာပဲ၊ နင်ဘာသာမဲ့လား ဘာညာပေါ့။ "ဘုရားရှိခိုးမှ ဗုဒ္ဓဘာသာလား" လို့ ပြန်ပြောရင်လည်း "ဘာသာမဲ့လား?" ဆိုပြီးတော့ပဲ ပြန်ကိုင်ပေါက်တာပဲ။ အဲ့ဒါက အဖြေမှမဟုတ်တာနော့်။ အဲ့တော့ အမေးနဲ့အဖြေနဲ့က အချိန်တော်တော်တော်ကြာတဲ့အထိ လွဲနေတော့တာ။ စိတ်ကောင်းကောင်းထားရင် ဗုဒ္ဓဘာသာပဲ ဆိုတဲ့ အခြားသူတွေလို အတွေးအခေါ်က အဲ့လိုနဲ့ မပျောက်ပါဘူး။
အဲ့လိုနေရာကနေ နောက်အရမ်းကြာတော့မှ တရားစာအုပ်တွေဖတ်နေကျဆိုတော့ တရားစာအုပ်တစ်အုပ်ထဲ ကိုယ်ရှာနေတဲ့ အဖြေ သွားတွေ့တော့တယ်။ စာရေးဆရာတော့မေ့ပြီ။
ဘယ်သာသာပဲဖြစ်ဖြစ်၊ ဒီလိုပဲ စိတ်ကောင်းကောင်းထားဖို့၊ လူသားဆန်ဖို့ ပြောကြတာပါပဲ၊ ဘာသာတိုင်းက လူသားတွေကိုယ်ကျင့်တရားကောင်းဖို့၊ စိတ်လေးတွေ နူးညံ့ဖို့၊ ထိန်းချုပ်ထားတာပဲ၊ အဲ့ထဲကမှ လူတွေက ကြည့်တဲ့ရှုထောင့်တွေလွဲပြီး သောက်တလွဲတွေ ဖြစ်လာတာ။ ထားပါ၊ အဲ့ဒါက သပ်သပ်။ ဘာဖြစ်ဖြစ် ဘာသာတရားဆိုတာတွေထက် ဒီတိုင်းလူ့ကျင့်ဝတ်တွေလို့ပဲ ကိုယ်ကမြင်တာ။
ဘာသာတိုင်း ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာလုပ်ရင် ငရဲရောက်မယ် အဲ့လိုပဲပြောကြတာပဲ။ အဲ့ဒါက ထူးခြားတဲ့အချက်လည်း မဟုတ်။
ဗုဒ္ဓသာသာအကြောင်းဆက်ပြောမယ်ဆို လူငယ်တွေ ဘဝင်မကျကြတာ "ဘုရားကို အော်ကြီးဟစ်ကျယ်ရှိခိုးမှ ဗုဒ္ဓဘာသာလား" ဆိုတာပေါ့။ မဟုတ်ပါဘူးလို့ တော်တော်များများကလည်း ပြန်ဖြေထားခဲ့ပြီးပြီ။ တကယ်လည်း ဟုတ်မှမဟုတ်တာ။ မဟုတ်ဘူးဆိုတော့ အိုခေ မရှိခိုးဘူး၊ စိတ်ကောင်းအောင်ပဲ ထားမယ်ဖြစ်ရော။ အဲ့ဒါလည်း အိုကေပါတယ်။ ဘာဖြစ်ဖြစ် လူလေးတော့ ပီသသွားတာပေါ့။ စိတ်ကောင်းဖို့က ဘာဘာသာဝင်မှ ဖြစ်စရာမလိုဘူး။ လူဖြစ်ရင် လူသားဆန်ရမှာပေါ့။
ВЫ ЧИТАЕТЕ
I Write And I Mean It
Документальная прозаဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
