.
.
.
"အချိန်ကို ဒီမှာပဲ ရပ်ထားတာဖြစ်ဖြစ်, အနာဂတ်ရဲ့ အချိန်တစ်ခုဆီကို တန်းရောက်သွားတာဖြစ်ဖြစ်, လုပ်လို့ မရဘူးလား"
"တကယ်လို့ ကိုယ်က ဘာမှ မသိလိုက်ဘဲ နောက်ဆယ်နှစ်လောက် တန်းရောက်သွားမယ်ဆိုရင် နာတာပေါ့ဟ, အဲ့အချိန်တွေက အလကားကြီး."
"ဒါပေမယ့် 'မနက်ဖြန်များ ဒီနေ့ထက်ပိုကောင်းလာမလား တစ်ခုခုခြားနားလာမလား' ဆိုတဲ့ အဓိပ္ပာယ်မဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းကြီးအိပ်လိုက်, နိုးလာလိုက် ဖြစ်နေမယ့်အစား ဆယ်နှစ်လောက် ရစ်လိုက်မယ်ဆိုရင် တစ်ခုခုတော့ ထူးခြားမယ်ထင်တယ်., ဆယ်နှစ်တောင် ရစ်လိုက်တာပဲလေ"
"အဲ့ဒါဆို ကြားထဲက နင်မသိလိုက်တဲ့အချိန်တွေကို မနှမြောဘူးလား, ငယ်ရွယ်တဲ့ ဆယ်နှစ်တာလုံးရဲ့ မှတ်ဉာဏ်က နင့်ဆီမှာ ရှိမှာမဟုတ်ဘူး"
"ဘာဖြစ်သေးလဲ, ငါက အဲ့လိုဖြစ်ချင်တာကို၊ နေ့တိုင်းကြီးက မပင်ပန်းဘူးလား, ငါတော့ အရမ်း, အရမ်းကိုပဲ ပင်ပန်းနေပြီ, အသက်နှစ်ဆယ်လောက်နေလာရတာကိုပဲ အရမ်းလုံလောက်နေပြီ ထင်တယ်"
"ဟမ်..."
"အချိန်ကို ရပ်လို့ မရမယ့်တူတူ, ရစ်လိုက်ချင်တာဟာ။ ခုက တကယ် အဆင်မပြေဘူး, မနက်ဖြန်ကို တွေးလိုက်ရင် တစ်ခါတစ်ခါ အသက်ရှူတောင် မဝချင်ဘူး, အမှောင်ထုကြီးက လည်ပင်းလာညှစ်နေတယ်လို့တောင် ထင်ရတယ်"
"ကြိုးစားရင် ဖြစ်လာမှာပေါ့"
"အေ, အဲ့လိုပြောရင် ငါက မကြိုးစားနေဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားတယ်မလား၊ ကြိုးစားရင် ဖြစ်လာရမှာပေါ့ဆိုတော့ ငါ့ကြိုးစားမှုတွေက မလုံလောက်သေးလို့ပဲ နေမှာပေါ့နော်၊ ဒါပေမယ့် ဘယ်အချိန်ထိလဲ, ဘာလို့ မလုံလောက်တာလဲ, မနက်ဖြန်ပေါင်း ဘယ်လောက်ကို ဖြတ်ရဦးမှာလဲ, ကိုယ့်ကိုယ်ကို အသုံးမကျမှန်း လက်ခံခဲ့တာ မနေ့ပေါင်းအများကြီး ကြာခဲ့ပြီပဲ"
"နင်ကလည်းဟာ"
"ငါ ဒီလိုညည်းတာကိုလည်း နင် နားထောင်ချင်မှာတော့ မဟုတ်လောက်ဘူး၊ ကောင်းတဲ့စကားတွေမှ မဟုတ်တာနော့်၊ နားလည်တယ်၊ ငါ့ကြောင့် သူများတွေ အပူကူးမှာကိုလည်း မလိုချင်ပါဘူးဟာ, သူများတွေဆီ ငါ့ အမှိုက်တွေ လာချပုံသလိုကြီးနော့်"
". . ."
"ငါတော့ ကိုယ့်ကိုယ်ကိုတော့ ကြိုးစားတယ်ထင်တာပဲ၊ ဒါပေမယ့် တကယ်ရော ကြိုးစားနေတာ ဟုတ်လို့လား ပြန်မေးတတ်နေပြီ, စိတ်ဓာတ်ကလည်း ကျလွယ်လိုက်တာ, ငါလည်း ကိုယ့်ဟာကိုယ် အားမရပါဘူး"
". . ."
"ငါတို့ တကယ်ပဲ အချိန်ကို ရစ်လို့ မရတာလား? ဒါဆို ငါ ဘယ်လိုလုပ်မလဲ? ဒီလိုပဲ မနက်ဖြန်ကို ထလာရဦးမှာလား? အဆင်မပြေဘူးဟာ၊ တစ်ယောက်ယောက် ငါ့ကို ကားတိုက်သွားတဲ့ မြင်ကွင်းကို ငါ့ခေါင်းထဲ အကြိမ်ကြိမ် ပုံဖော်မိနေတုန်းပဲ၊ ကိုမာဝင်သွားရင် အနည်းဆုံးတော့ ငါ စိတ်ကုန်စရာ မလိုတော့ဘူးပေါ့, ပျော်စရာကြီးနေမှာ, ဘာမျှော်လင့်ချက်မှ မရှိဘဲ။
Suicidal ဖြစ်နေလားလို့တော့ သံသယ မဝင်လိုက်ပါနဲ့၊ ငါ မသေချင်ပါဘူးဟာ၊ သေရမှာကို သေမလောက်ကြောက်တာပေါ့၊ ကဲ မခက်ဘူးလား အဲ့ဒါ။ ဆယ်နှစ်လောက် ထွက်ပြေးကြည့်ရရင် မဆိုးဘူးလားလို့, ခုအခြေအနေအရတော့ ငါ တော်တော်ကြီး အဆင်မပြေဘူးထင်တယ်, ဒါပေမယ့်လည်း အချိန်ကို ရစ်လို့မရသ၍တော့ မနက်ဖြန်လည်း ဒီအတိုင်း... ဒီအတိုင်းပဲ အသက်ရှုနေလိုက်ဦးမယ်"
CZYTASZ
I Write And I Mean It
Literatura Faktuဒီစာအုပ်မှာ ငယ်ငယ်ကရေးခဲ့ဖူးတဲ့ Short story တွေ၊ အခုစိတ်ထဲပေါ်လာရင်ပေါ်လာသလောက်ရေးပြီး မတင်ဘဲသိမ်းထားတဲ့စာတွေ၊ သရော်စာတွေကိုတင်သွားမှာပါ။ အနော်ရေးနေကျ, ဘာသာပြန်နေကျ Fanfic တွေမဟုတ်ပဲ အဲ့လိုလေးတွေကိုစုပြီးတင်ချင်လို့ ဒီစာအုပ်လေးကိုလုပ်တာပါ။ တခါတလေတော့လ...
