Over Negative

121 17 1
                                        

Do not read this chapter if you are looking for something positive and productive. No, this chapter is way too negative. You're warned. Thank you.

_______

မနက်ခင်းတိုင်း သက်ပြင်းကြီးနဲ့ အိပ်ရာနိုးခဲ့ရ။ "ဟူးး ငါ နိုးလာပြန်ပြီ"ဘာလို့နိုးနေတော့မှာလဲ။ ဘာအဓိပ္ပာယ်မှ ရှာလို့ကိုမတွေ့နိုင်တဲ့ လောကကြီး။ တစ်နေ့ထက်တစ်နေ့ ဘာခြားနားချက်မှလည်း ရှာမတွေ့။ သေလည်း မသေချင်ပါဘူး။ ကိုယ့်ကိုကိုယ် သတ်သေဖို့ စောက်သတ္တိကလည်း မရှိ။ နောင်ဘဝဆိုတာကြီးကို ဖင်တုန်အောင်ကြောက်လွန်းလို့၊ ငရဲရောက်မှာ ရာနှုန်းပြည့်သေချာလွန်းလို့။ ငကြောက်။ ဘာမှ စောက်ဖြစ်မရှိပါဘူးဆို။ အဲ့သည်တော့လည်း ဒီဇာတ်မျောကြီးအတိုင်း ကိုယ့်ကိုကိုယ် မျှောချပြီးလိုက်။
ဘယ်သူ့ကိုမှလည်း အထင်မကြီး၊ ကိုယ့်ကိုကိုယ်လည်း အထင်မကြီး။ ဘယ်လိုမှလည်း အထင်ကြီးလို့မရ။ စောက်သုံးမှ မကျတာကိုး။ ကိုယ့်ကိုကိုယ် စောက်တုံးကြီးလို အမြင်က တစ်နှစ်ထက်တစ်နှစ်ပိုခိုင်မာလာတာ။ ဆယ်တန်းပြီးတဲ့အထိတော့ အဲ့လောက်ကြီး စောက်သုံးမကျဘူးရယ်လို့ မဖြစ်ဖူးပါဘူး။ ဆရာတွေပြောလည်း နားလည်နေတာပဲ။ တက္ကသိုလ်ရောက်တော့မှ ဟာ ငါဟာ စောက်တုံးကြီးရယ်လို့ လက်ခံလာရတော့တာပဲ။ ဆရာတွေ ဘာပြောပြော နားမလည်။ စိတ်လည်း တစ်စိသော်မျှ မဝင်စားပါဘူး။ ဘယ်လောက်ပဲ အာရုံစိုက်စိုက် နားမလည်လာ၊ စိတ်လည်း မဝင်စားလာ။ တစ်နှစ်ပြီးတစ်နှစ် အောင်သာလာတယ်။ စာမေးပွဲအောင်ရုံသာ ရှိတာပဲ။ ကိုယ့်ကိုကိုယ် ဖြစ်ဖြစ်မြောက်မြောက်တတ်သွားတယ်ရယ်လို့ မထင်ပါဘူး။ ဘာတွေမှန်းလည်း မသိ။ ဘွဲ့ရော ရဦးမှာလား မသိ။ အဲ့သံသယကလည်း နောက်ပိုင်း ခဏခဏတွေးမိ။ ဘွဲ့ရဖို့ဆို project ကြီးကြီး ကောင်းကောင်းလေးတစ်ခု လုပ်ပြရမှာကိုး။ တစ်ယောက်တည်း။ ဘာတွေလုပ်ပြလိုက်ရမလဲ။ ဘာမှမှမတတ်တာ။ ဘယ်လောက်ပဲ စောက်သုံးကျကျ၊ မကျကျ၊ ဘွဲ့တစ်ခုတော့ ရအောင် ယူပေးလိုက်မှပါ။ တစ်နှစ်တစ်နှစ် အဖေပေးပေးနေရတဲ့ ကျောင်းလခကလည်း နည်းတာမဟုတ်၊ အဲ့ကြားထဲကမှ Extensionဆိုလို့ကတော့ ကိုယ့်အဖြစ်ကိုယ်တောင် မတွေးရဲ။ ဘာတွေပဲ ဖြစ်ဖြစ် ဘွဲ့ရမှဖြစ်မှာပါ။

ဘွဲ့ရပြီးရင်ရော Masterဆက်တက်ခိုင်းဦးမလားမသိ။ အဲ့အခါကျ ဘယ်လိုငြင်းရမလဲ။ ဒီလိုပဲ လုပ်နိုင်ပါတယ်ဆိုပြီး ပြုံးပြုံးလေးနဲ့ပဲ လက်သင့်ခံလိုက်မှာပဲလား မသိ။ စောက်ကြောက်ပါဆို။ ငြင်းတောင်မငြင်းရဲတဲ့ စောက်ကြောက်။ ထားပါ၊ ဘွဲ့တောင်မရသေး၊ စောက်အတွေးတွေက တဖက်ကမ်းလွန်နေပြန်ပြီ။

I Write And I Mean ItМесто, где живут истории. Откройте их для себя