Family and Friends above all

277 27 3
                                    

ပြီးပြီလား မပြီးသေးဘူးလားတော့ မသိဘူး xD လတ်တလောwarလေးတွေ.
ဝင်မပါဖြစ်ဘူး၊ ဟိုဘက်အုပ်စုကို စိတ်ကုန်တာ၊ စိတ်ညစ်တာလည်းပါတယ်၊ xD ဘာတွေပြောမှန်း နားမလည်တာနဲ့ ပြန်ငြင်းချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက်တွေကို ဖြစ်ကုန်ရော Lol.
Idolကိုထိလို့ အဲ့ဘက်သောက်တလွဲဖန်အုပ်စုကို ခပ်ပါးပါးပြောခဲ့ရုံကလွဲလို့ ဘာမှပြန်မပြောဖြစ်ဘူး၊
ကိုယ်တွေနည်းတူ ဘာမှဝင်မပါတဲ့လူတွေလည်း များသဗျ။ သူတို့ကျတော့ အကြောင်းပြချက်က စိတ်မဝင်စားလို့၊ အရေးမပါလို့ ဘာညာပေါ့ အိုင်ဒုန့်ကဲလ်ပေါ့။
ကျုပ်ကကျတော့ သူငယ်ချင်းကြောင့်၊ သူက အဲ့ဒီသောက်တလွဲဂရုထဲကတော့ မဟုတ်ဘူး။ သွသူနေတဲ့ကောင်။
ဂုဏ်ဆာတဲ့ပို့စ်တစ်ခုတင်တော့မယ်ကြံရင် သူ့အရင်ပြေးမြင်တာ၊ အဲ့သလိုပြောလိုက်ရင် သူဝမ်းနည်းတော့မှာ၊ ဒေါသထွက်တော့မှာဆိုပြီး။ ဒီပို့စ်လေး မတင်လိုက်တော့ရော ဘာများနစ်နာသွားမှာမလို့လဲနော့်၊ သူစိတ်ဆိုးမှာ ကြောက်လို့မဟုတ်ဘူး၊ နဂိုကမှ အပိုတစ်ခုတောင်မရှိတဲ့ friendshipတစ်ခု ပျက်စီးသွားမှာစိုးရိမ်လို့လည်း မဟုတ်ဘူး၊ ကိုယ်ပြောလည်း ပျက်စီးမှာမဟုတ်မှန်း သိတယ်၊ ဒါပေမယ့် ဘာလုပ်မှာလဲ. တန်လို့လား အဲ့ဒီတိုက်ခိုက်မှုတွေက။ ပြီးတော့ ဒီဘက်fanတွေ ထုတ်လိုက်သမျှအချက်အလက်တွေတိုင်းနီးပါးဟာ အမှန်တရားဖြစ်နေတဲ့အတွက် ဝမ်းနည်းထိခိုက်ရုံကလွဲလို့ ငြင်းစရာလည်းမရှိဘူး။ မတန်ပါဘူး။

ပြီးတော့ ဒီဘက်က warကြတဲ့သူတွေက ဂုဏ်ဆာတဲ့လူတွေချည်း။ သူ့ဂုဏ် ကိုယ့်ဂုဏ်ဖော်ပြီဆိုကတည်းက ကိုယ့်ဟာထင်ရှားစေချင်ရင် ကျန်တာနဲ့ ယှဉ်ပြရမှာပဲ။ အာ့ထုံးစံ။
Idolချင်းယှဉ်ပြီး ပြောကြတော့မှာ (ဆဲတာနောက်ထား.. ဆဲတာထက် ပိုနာတဲ့ စကားအလှတွေရှိတယ်)
အချို့တွေတွေ့တယ် "ဘယ်လောက်ပဲ ခင်လာတဲ့ သူငယ်ချင်းဖြစ်ပါစေ.. ဟင်းး ဟင်းး ဒီလိုမျိုးတော့ လာလုပ်လို့ဘယ်ရမလဲ.. အားနာလို့ unfriendပဲလုပ်လိုက်တယ်. Goodbye ပဲ" အံမယ် အံမယ် အဲ့လိုတွေလာတာ။ သူတို့ကိုကျ သနားမိတယ်၊ ခိုင်မာတဲ့ Friendshipတစ်ခုမရှိကြတဲ့သူတွေမို့လေ။

အဲ့သလိုလူတွေအတိုင်းသာ ကျုပ်တို့ဖြစ်နေရမယ်ဆိုရင် ဒီအချိန်ထိခံလာဦးမှာတောင် မဟုတ်ဘူး။ ထူးခြားတာက အဲ့ဘက်fandomနဲ့ ဒီဘက်နဲ့ သည်တစ်ခေါက်မှမဟုတ်၊ အရင်၂ချီလောက် အသေချထားခဲ့ကြပေမယ့် ကျုပ်တို့၂ယောက်ကတော့ ခုချိန်ထိ တည်မြဲနေကြတုန်း။
ကျုပ်အတွက်တော့ Family and Friends above all ပါပဲ။

I Write And I Mean ItWhere stories live. Discover now