ကျုပ်နှင့် ဘိတ်မြို့ (ဒုတိယပိုင်း)

460 45 28
                                        

A/N မမှတ်မိပါကရှေ့ပိုင်းပြန်ဖတ်ရန်​ xD

ကျုပ်နှင့် ကောက်..ကောက်ခြင်းအတတ်ပညာ

[A/N ; LoL နာမည်ကိုက 😜😜😂)

သူငယ်ချင်းတွေဖြစ်လာ၍ ပေါင်းမိဖက်မိလာကြသောအခါဝယ် ဝှက်ကွယ်မရသောဇာတိက ပြလာတော့၏။ဆော့လိုက်ကြတာမှကမ်းကုန်ပင်။ ဆရာလစ်လျှင်လစ်သလိုတစ်တန်းလုံးသောင်းကျန်းကြသည်။ မင်းဘူးမှာကဲ့သို့ ကွင်းပြင်သို့ထွက်ကာကစားခွင့်မသာတော့သောကြောင့် အတန်းထဲမှာပဲဗြောင်းဆန်ကြရသည်။ ကစားနည်းတွေလည်းပြောင်းလာသည်။ သားရေကွင်းတွေကိုအိမ်မှ မ.လာကာ ကွင်းတွေဆက်ပြီးကြိုးခုန်ကြသည်။ အတန်းထဲတွင်ခုန်ဖို့အတွက်ကနေရာကျဉ်းလှသဖြင့် ဆရာတစ်ချိန်နားလျှင်အိမ်သာနားရှိ နေရာလပ်လေးတစ်ကွက်သို့သွားကာ နှစ်ယောက်တစ်ဖွဲ့၊သုံးယောက်တစ်ဖွဲ့ကြိုးခုန်ကြသည်။ သို့သော် အချိန်အခက်အခဲကြောင့် ထိုနေရာသို့သွားသွားပြီးကြိုးခုန်ရခြင်းကို စွန့်လွှတ်ပြီး အတန်းထဲမှာပဲတစ်ချိန်နှင့်တစ်ချိန်အကြား ဆော့ကမြင်းနိုင်မည့်နည်းလမ်းကိုသာရှာကြံရလေတော့သည်။

ကျုပ်တို့နှင့်ဘယ်ဘဝကအမျိုးတော်ခဲ့၍ သည်လောက်တောင်စိတ်ချင်းနီးကပ်နေသည်မသိ, ကျုပ်တို့ပေါင်းမိသည့်သူငယ်ချင်းတစ်စုမှာလည်း တစ်ချက်မှအငြိမ်မနေနိုင်သောမျောက်လောင်းတွေချည်း။ သူတို့လည်း အားလပ်ချိန်နည်းနည်းလေးကိုပင် အလွှတ်မပေးချင်။ သူတို့ဆီကပဲ အရင်ဆုံးအသံထွက်လာသည်။ "ကောက်.မ.ကောက်မယ်!" ဟူ၍။ ကြားကြားချင်း "ဘာ...ဘာ... ဂေါက်.မ.ဂေါက်???" ခေါ်သံကိုကထိုအတိုင်းပင်။ "ကောက် မကောက်"လည်းမဟုတ်။ တစ်လုံးချင်း "ကောက်.မ.ကောက်"သာ။ ကျုပ်တို့ဂံသူညီအစ်မနှစ်ယောက်မှာ သူတို့ရှေ့တွင် လဒူတွေကဲ့သို့ငူငူကြီးကြောင်နေပြီးတော့မှ နာမည်ဟူသည်သာမည ဟုနှလုံးမူ၍ ကစားနည်းကိုသာ"အဲ့ဇာ ဘာရီး အဲ့ဇာဘာရီး?" ဟုခသောခမျောမေးရလေ၏။ ထိုအခါတော့မှ ဘယ်အချိန်တုန်းကယင်း ဆော့ကမြင်းချင်နေမှန်းမသိသော သူငယ်ချင်းမတစ်ယောက်က သူ့လွယ်အိတ်ဘေးဇစ်ကိုဖွင့်ကာ ငါးလုံးသောကျောက်ခဲအား Deskခုံပေါ်အားပါပါဒုန်းခနဲချပြလေ၏။ ရုပ်ကကို စိတ်ဒုန်းဒုန်းချ၍ ဒါသာဆော့တော့မည်ဟုသန္ဒိဋ္ဌာန်အပြည့်နှင့်ရုပ်။

I Write And I Mean ItWhere stories live. Discover now