Kim Tae Hyung's POV
ကျနော်ရှူးရှူးရှဲရှဲနှင့် ကျောင်းအုပ်ကြီး ရုံးခန်းသို့ရောက်လာသည် ဟိုအစုတ်ပလုတ်၆ကောင် ကျောင်းက ထွက်ရပြီသာမှတ် ဘယ်နှယ့် ဆရာကို
Jeon Jung Kook ဒင်းအဆိုးဆုံးပဲ ငါ့နုနုထွတ်ထွတ် နှုတ်ခမ်းလေးပါသွားပြီ ဒေါသတွေထွက်လိုက်တာ
တံခါးလည်းဖွင့်လိုက်ရော ကျနော်မမြင်ချင်ဆုံး ၆ယောက်ကအရင် ကြိုရောက်နေပြီ ကောင်းဒယ် တဖြင့်ကျောင်းသားတွေ တိုင်လိုက်လို့နေမှာပေါ့
ကျနော်ရောက်လာတာတောင် ဂရုမစိုက် သူတို့ဟာ သူတို့ရယ်နေကြတယ် ဘာတွေလား နေဦး ဆရာမကြီးနဲ့Jung Kookကရုပ်နည်းနည်း တူသလိုပဲ
"Annyeonghaseyo ဆရာမကြီး ကျွန်တော်ကအသစ်ရောက်လာတဲ့ ဆရာ Kim Tae Hyung ပါ"
"Omm သားလေးတွေပြောပြလို့ ကြားပြီးပါပြီ"
"ဗျာ သားလေးတွေ?"
"အင်းလေ ဟော့ဒီကJung Kookက ဆရာမကြီးရဲ့သား သူ့သူငယ်ချင်းတွေကလည်း သားအရင်းလိုပါပဲ"
"Nae??ဒါပေမယ့်သူတို့က အရမ်းဆိုး......"
"သူတို့အလို လိုက်ပေးလိုက်ပါ ဆရာရယ် အာ့မှ ဒီကျောင်းမှာ အဆင်ပြေမှာနော်"
"......... O.O ........."
"Omma ကလည်းဆရာက အလိုလိုက်မှာပါ ဟုတ်တယ်နော် ဆရာ လာ မုန့်သွားစားရအောင်"
ပြီတီတီရုပ်နဲ့Jung Kookတစ်ကောင် ကျွန်တော့်လက်ကိုဆွဲပြီး ခေါ်သွားလေရဲ့ ကျွန်တော်လည်းကြောင်တောင်တောင်နဲ့ ကားယားကြီးပါသွားသည်
လူရှင်းတဲ့နေရာ ရောက်တော့ကျွန်တော့်ကို နံရံမှာကပ်လိုက်ပြီး နှုတ်ခမ်းနားကို တဖြည်းဖြည်းကပ်လာသည်
ဒုတ်......ဒုတ်......ဒုတ်......သူကသေချာကြည့်တော့ အရမ်းချောတာပဲ
"ရင်ခုန်နေတယ် မလား"
အနောက်ကိုပြန်ဆုတ်ရင်း စပ်ဖြီးဖြီးပြောလာတဲ့ သူ့ကြောင့်စိတ်ကူးယဉ်နေတာတွေ ခွမ်းကနဲကွဲပြီး မျက်နှာကြီးရဲလာမိသည်
"YA ရင်ခုန်ရအောင် ငါကမိန်းကလေးလား ဆရာကိုမခန့်လေးစား နာချင်လို့"
DU LIEST GERADE
Teacher Tae & Bad Boy Kook (completed)
FanfictionJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...