Part-1 : Annoying Students (U+Z)

28.5K 1.6K 110
                                    

(Unicode)

Jeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သူ့ကိုဆို ဝေးဝေးရှောင်ကြတယ်

Kim Tae Hyung-ပုလင်းဖင်လောက်ရှိတဲ့ မျက်မှန်ကြီးကို တပ်ပြီး အူကြောင်ကြောင်နိုင်တဲ့ ဆရာ ဘာကိုမဆို အရမ်းကြောက်တတ်တယ် ဘွဲ့ရပြီးတာတောင် စာမလုပ်ရမနေနိုင်လို့ ကျောင်းဆရာဖြစ်လာတဲ့ စာဂျပိုးလေး

Bangtan High Schoolမှာ သူတို့ဘာတွေဆက်ဖြစ်ကြမလဲ?

💦💦💦💦💦💦💦💦💦💦💦💦💦

ကျနော်နောက်ဆုံးတော့ ဆရာဖြစ်ခဲ့ပြီ ရင်တွေခုန်လိုက်တာ ဒီနေ့အထက်တန်းကျောင်းသားတွေကို စာစသင်ပေးရတော့မယ်

ကျနော်တာဝန်ကျတဲ့ ကျောင်းက Bangtan High Schoolတဲ့ ယောကျ်ားလေးကျောင်းဗျ
အဲ့ကကောင်လေးတွေကဆိုးတယ်လို့တော့ ကြားသား အမှန်အတိုင်းပြောရရင် ကြောက်တယ် စာသင်ဖူးတဲ့အတွေ့အကြုံ မရှိတာကတစ်ကြောင်း ရန်တစ်ခါမှမဖြစ်ဘူးလို့ ကျောင်းသားတွေရန်ဖြစ်ရင် ဘယ်လိုဝင်ဆွဲရမလဲ မသိတာက တစ်ကြောင်း

ဟူး ဘာမှတွေးပူမနေနဲ့ ကိုယ်ကဆရာပဲဟာ ကျောင်းသားတွေက လေးစားမှာပါ

ကျနော့်အတွေးတွေအလွန်မှားခဲ့မှန်း ဟို6ယောက်နှင့်ဆုံမှ သိခဲ့ပါသည်

ဘယ်၆ယောက်လည်း ဆိုတော့ကား......

Flashback

ကြောင်တောင်တောင်နဲ့ ဟိုကြည့်ဒီကြည့် လုပ်ရင်း ကျောင်းထဲသို့ ဝင်လာခဲ့သည်

ငါစာသင်ရမဲ့ အခန်းက ဘယ်မှာပါလိမ့်?ကျယ်ပြောလှသော ကျောင်းတော်ကြီးတွင် ဘယ်သွားရမှန်းကို မသိဖြစ်နေမိသည်

ထိုစဉ် နားကြပ်ကြီးတကားကားနှင့် ကျနော့်နောက်မှကျော်တက်သွားသော ကျောင်းသားလေး

"ကျောင်းသား ခဏလေး"

ဟိုကကျနော်ခေါ်တာကိုတောင်မကြား earphoneကြီးတပ်ပြီး တစ်ချက်တစ်ချက် ထ ထ ဒွန့်လိုက်သေးသည်

Teacher Tae & Bad Boy Kook (completed)Tempat cerita menjadi hidup. Temukan sekarang