(Unicode)
တိုက်ခတ်လာတဲ့လေအေးအေးလေးကို တစ်ဝကြီးရှူရှိုက်လိုက်ပေမယ့်လည်း ကျွန်တော့်ရင်ထဲက မွန်းကျပ်မှုက ပြေလျော့မသွား
သက်ပြင်းတစ်ချက်ကိုအသာချရင်း ဆရာ့အကြောင်းတွေးနေမိသည်။ အော် အတွေးထဲမှာလည်း နေ့နေ့ညည သူရှိနေပါလားနော်
"ဘာတွေဒီလောက်တောင် တွေးနေတာလဲ?"
အခုမှတွေ့ဖူးတဲ့သူက ပိုင်စိုးပိုင်နင်းလာမေးနေတာကြောင့် မျက်နှာကိုမဲ့ပြလိုက်ကာ "မင်းနဲ့ဘာဆိုင်လို့လဲ" လို့ ဘုပြောပြောလိုက်သည်
"ငါသိပါတယ် မင်းTae Hyung sam ကိုကြိုက်နေမှန်း"
ဘာလား သူကဒီနေ့မှပြောင်းလာပြီး ဘယ်လိုသိတာလဲ လို့မေးလိုက်ချင်သော်လည်း ပညာပြချင်စိတ်ကပိုများနေတာမို့ သူ့ကော်လံကိုဆွဲပြီး ခြိမ်းခြောက်မိသည်
"အဲ့ဒါမင်းကိစ္စမဟုတ်ပါဘူး လောလောဆယ်တော့ ငါ့အကြောင်းကိုသိဖို့က အဓိက ငါကဒီကျောင်းမှာ အမိုက်ဆုံးဆိုတာလေး သတိပေးချင်တယ်"
"haha ဒါလည်းသိပြီးသားပါကွာ ဒါမဲ့ဘယ်လိုလုပ်မလဲ ငါကမင်းကိုတစ်စက်မှ မကြောက်တာ"
"ဘာ!!!အာ့ဆိုလည်း ကြောက်အောင်လုပ်ပေးရမှာပေါ့"
ကျွန်တော်သူ့ကိုထိုးဖို့ လက်ရွယ်လိုက်သော်လည်း သူကကြိုသိနေသည့်အလား ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည်
"ဒေါသကိုခဏလျော့ ငါပြောတာအရင်နားထောင်"
ပြုံးရင်းပြောလာသည့် သူ့စကားကြောင့် ဘာလဲဆိုသည့်သဘောဖြင့် ခေါင်းဆတ်မေးလိုက်သည်
"Tae Hyung Sam နဲ့ Mark sam တစ်တွဲတွဲဖြစ်နေတယ်မလား ကြည့်ရတာ ငါ့ဆရာကမင်းဆရာကို သဘောကျနေတယ် ထင်တယ်"
"မင်းဆရာ?"
"omm Mark sam ကိုငါချစ်နေတာ ကြာပြီ သူကျောင်းပြောင်းလို့ ငါပါလိုက်ပြောင်းလာတာ ကဲ အဲ့ဒါတွေထားပါလေ အဓိက က......"
သူပြောနေရင်းမှ အနောက်ကတစ်ယောက်ယောက်ကို တွေ့သွားသည့်ဟန်ဖြင့် ခဏရပ်နေသည်
ကျွန်တော်လည်း လှည့်ကြည့်မယ်အလုပ် သူကကျွန်တော့်လက်ကို ထပ်ဆွဲကာ မလှည့်ကြည့်ရန် အာရုံပြောင်းပြီး စကားဆက်သည်
KAMU SEDANG MEMBACA
Teacher Tae & Bad Boy Kook (completed)
Fiksi PenggemarJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...