~~~Teacher Tae & Bad Boy Kook~~~Tae Hyung's POV
ကျွန်တော့်ကလေးနိုးမှာစိုးလို့ ဆူညံစွာမြည်နေတဲ့ alarm ကိုအိပ်မှုန်စုပ်ဖွား အမြန်ပိတ်လိုက်ရတယ်။ Aigoo ကိုယ်တော်လေးက ခေါင်းမှာပတ်တီးကြီးနဲ့ မြင်ရတာစိတ်မချမ်းသာလိုက်တာ ကျောင်းသွားရဦးမှာဆိုတော့ အတူနေပေးဖို့ကလည်းမဖြစ်
သက်ပြင်းသာချမိရင်း သူ့ခေါင်းပေါ်ကဆံပင်နုနုလေးတွေကို အသာအယာပွတ်ပေးနေမိတယ်။
"Hyung "
အိပ်ချင်မူးတူး ချွဲပျစ်နေတဲ့လေသံနဲ့ ချွဲတော်မူပြီး ကျွန်တော့်ကိုကောက်ဖက်လေရဲ့
"omm mian နိုးသွားတာလား"
"Hyung ဒီနေ့ကျောင်းမသွားလို့မရဘူးလား ကျွန်တော့်အနားမှာနေပေးပါနော်"
"မသွားလို့ဘယ်ရမလဲ ကလေးရဲ့ မနက်ဖြန်ပိတ်ရက်ပဲဟာ နက်ဖြန်မှတစ်နေကုန်နေပေးမယ်နော်"
"အာ hyungကလည်း ကျွန်တော်နေမကောင်းချင် ဖြစ်နေလို့ပါဆို နေပေးပါနော်"
ရင်ခွင်ထဲကိုအတင်းတိုးဝင်နေတဲ့ကလေး ကိုယ်လေးကိုအသာအယာ စမ်းလိုက်တော့ အင်း နည်းနည်းတော့ပူနေသလိုပဲ
ဒီနေ့မျက်စိစုံမှိတ်ပြီး နားလိုက်ရကောင်းမလား ဖြစ်သေးပါဘူးလေ ငါကအတန်းပိုင်ဆရာဆိုတော့ နားရက်ယူပြီးအခြားဆရာတွေကို ဒုက္ခမပေးချင်ဘူး
"မဖြစ်ဘူး ကလေးရဲ့ hyungကအတန်းပိုင်ဆိုတော့ လုပ်ရမှာတွေကရှိသေးတယ်"
"ကျွန်တော်အမေ့ကိုပြောပေးမယ်လေနော် ဒီနေ့တော့နားလိုက်ပါ hyungရဲ့"
puppy eyes လေးတွေနဲ့ အသနားခံနေတဲ့ ကလေးပုံကိုကြည့်ပြီး စိတ်မကောင်း
"hyung စောစောပြန်လာပါ့မယ် ကလေးရယ် ခုခဏထ မနက်စာစား ဆေးသောက်ပြီးမှ ပြန်အိပ်နော် ကလေး"
နှုတ်ခမ်းလေးမသိမသာ ထော်ပြီး စိတ်ကောက်ပြပေမယ့် ကလေးက စကားတော့ နားထောင်ပါတယ် မနက်စာထစားလေရဲ့
ကျွန်တော်လည်း ဆေးတိုက်ပြီးတာနဲ့ ကျောင်းအမြန်ပြေးရသည်။ လူက စာသာသင်နေရတာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့မယ့် ကလေးအတွက် နောက်ဆံတတင်းတင်း။ ပထမအချိန်ပြီးတာနဲ့ ဆရာမကြီးကို ခွင့်တောင်းပြီး အိမ်ပြန်ပြေးမှပါလေ။
YOU ARE READING
Teacher Tae & Bad Boy Kook (completed)
FanfictionJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...