~~~Teacher Tae & Bad Boy Kook~~~Jung Kook's POV
အိပ်ရာကနိုး မျက်လုံးဖွင့်တာနဲ့ တွေ့လိုက်မိတာက ကလေးလေးလိုဖြူစင်စွာ အိပ်ပျော်နေတဲ့ tae hyungie hyung...... မနေ့ကသူ့အခန်းကိုမပြန်ဖို့ ဂျီကြထားလို့ ကျွန်တော့်ဘေးမှာ အိပ်နေပေးတာ သူ့ခေါင်းလေးကို ငြင်ငြင်သာသာ တစ်ချက်ပွတ်ပေးလိုက်တော့ မဆိုသလောက်လေး ပြုံးသွားလေရဲ့
ဒီနေ့စနေ ပိတ်ရက်မှာ hyungနဲ့ ဘယ်လျှောက်လည်ရင် ကောင်းမလဲ......ခရီးတိုလေးတစ်ခုထွက်ရင် ကောင်းမလား......ဘယ်ဖြစ်ဖြစ်......hyungနဲ့သာဆို ပျော်စရာကောင်းမှာ အမှန်ပဲ......
နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ hyungနဖူးလေးကို တစ်ချက်နမ်းကာ စောင်သေချာခြုံပေးပြီး မျက်နှာသစ်ရန် ထလာခဲ့သည်။ သွားတိုက်နေတုန်း တောင်ကနဲတက်လာတဲ့ messageသံ... ပို့လာသူကိုကြည့်လိုက်တော့ jiminတဲ့။ ဒီကောင် စောစောစီးစီးဘာတွေလာပို့နေပါလိမ့်။
စာကိုဖွင့်မကြည့်ပဲ သွားသာဆက်တိုက်နေလိုက်သည်။ သိပ်မကြာ နောက်ထပ်တစ်စောင် ရောက်လာပြန်သဖြင့် မျက်နှာကိုအမြန်သစ်ပြီး messageကိုဖတ်ကြည့်လိုက်သည်။
"ဟှောင့် ငါတို့ ဒီနေ့ everland ကို သွားဖို့စီစဉ်ထားတယ် မင်းကောလိုက်မယ်မလား?"
"လိုက်မယ်ဆိုစာပြန်ဦး ငါတို့အိမ်ကိုလာခဲ့ ငါ့ကားနဲ့ ၁၀နာရီထိုးထွက်မယ်"
ကျွန်တော်စာကိုဖတ်ပြီး နှာခေါင်းကိုရှုံ့လိုက်သည်။ ဆူဆူညံညံရှိလှသော သူတို့နဲ့တော့ မသွားချင်ပါ။ ကျွန်တော့်ဘာသာ hyungနဲ့နှစ်ယောက်တည်း ကြည်ကြည်နူးနူးသွားချင်သည်။
ပါးလုတ်ကျင်းလိုက်ပြီး "မလိုက်ဘူး မင်းတို့ဘာသာသွား" ဟု စာပြန်နေလိုက်သည်။
"baby လေး ဒီနေ့ စောစောစီးစီး နိုးနေပါလား" ဟု ပြောလာသည့်အသံနဲ့အတူ ကျွန်တော့်ခါးသို့ဖက်တွယ်လာသည့် လက်တစ်စုံ။
ကျွန်တော်ရိုက်နေဆဲ ဖုန်းကိုချကာ hyungကို ပြန်ဖက်ပြီး ချွဲလိုက်သည်။
"omm hyung ဘေးမှာရှိနေတော့ ရင်တွေခုန်လွန်းလို့ ကောင်းကောင်း ဘယ်အိပ်ပျော်ပါ့မလဲ"
ŞİMDİ OKUDUĞUN
Teacher Tae & Bad Boy Kook (completed)
Hayran KurguJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...