Part-10 : He Is My Baby But... (U+Z)

9.5K 844 51
                                    

~~~Teacher Tae & Bad Boy Kook~~~

Jung Kook's POV

၁၅မိနစ်လောက်နေတော့ hyungက ကျွန်တော်ညောင်းမှာစိုးလို့ဆိုပြီး ထလာလေရဲ့ ဆက်အိပ်ပါပြောသော်လည်းမရ ဒီhyungတစ်ယောက် တော်တော်ခေါင်းမာပါလား

အိပ်ချင်မူးတူးလေး ကွစ်ပျစ်ပေါ်ထိုင်နေသော သူ့ကြည့်ရင်းအသည်းတွေတယားယား

သူကဘေးနားတွင်ရှိသော ချယ်ရီပင်ကြီးကိုငေးနေလေတော့ ခေါင်းထဲတွင်အကြံတစ်ခု ပေါ်လာပြီး ဘေးနားကပ်သွားလိုက်သည်။ ဦးတည်ရာကသူ့နှုတ်ခမ်းပါးပါးဆီသို့

ငေးနေရင်းမှ ရုတ်တရက် အနမ်းခံလိုက်ရသောကြောင့် ကြောင်သွားပုံ။ ပြူးတူးတူးလေးကြည့်နေလေရဲ့။

"မနက်ကစာအုပ်ထဲမှာလေ နေဝင်ချိန်အနမ်းတစ်ပွင့်ဆိုတာ ခုမိုးချူပ်သွားပေမယ့် ကိစ္စမရှိဘူးမလား?"

ပြီတီတီမေးလိုက်သောကြောင့် သူ့မျက်နှာလေးကရဲကနဲ

"မင်းကွာ ငါကပဲစနမ်းပါမယ်ဆို ဒီကိုလာခဲ့"

ကျွန်တော့်ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ နှုတ်ခမ်းကြီးထော်ရင်း အနားကပ်လာသောသူ...... ကျွန်တော်လည်း စနောက်ချင်စိတ်ပေါ်လာသဖြင့် သူ့တွန်းထုတ်ရင်း ပြောင်ပြလိုက်သည်။

"မလာတာ blah blah လိုက်ဖမ်းပါကွယ်"

ကျွန်တော်ခြံထဲတွင် ဟိုပြေးသည်ပြေး လျှောက်ပြေးကာ ပြောင်ပြနေတော့ သူက"မိရင်နှုတ်ခမ်း အစုတ်ပဲ" ဟုခြိမ်းခြောက်လျက် လိုက်ဖမ်းနေသည်။

နောက်ဆုံးကျွန်တော်လည်း ပြေးရတာမောလာသဖြင့် သူ့လက်ထဲတွင် အဖမ်းခံလိုက်ရသည်။

သူကကျွန်တော့်ကိုချူပ်ကာ အားရပါးရဖက်နမ်းနေတုန်း.........

"မြေးလေးတွေထမင်းစားကြတော့လေကွယ် အချိန်တောင်တော်တော်နောက်ကျ........."

အသံနှင့်အတူပေါ်လာသော အဘွားကြောင့် ကျွန်တော်တွန်းထုတ်ခံလိုက်ရသည်။

"အချိန်ကောင်းကိုနှောင့်ယှက်မိပြီ အဘွား ဘာမှမမြင်ဘူးနော် ဆက်လုပ်ကြ"

ပြုံးစိစိဖြင့်ကြည့်ရင်း ပြောသွားသောအဘွားနောက် hyungကပြေးလိုက်သွားကာ "မဟုတ်ဘူး" အတင်းငြင်းနေသည်။

Teacher Tae & Bad Boy Kook (completed)Onde histórias criam vida. Descubra agora