Part-7 : Transfer Students (U+Z)

11.2K 1K 42
                                    

(Unicode)

"ဆရာ့ကို အရမ်းချစ်တယ်"

"........."

ဟောဗျာ ကျွန်တော်ကချစ်တယ် ပြောတာကို အူကြောင်ကြောင်လေး ကြည့်နေတယ် မျက်လုံးလေးကို ပြူးထားပုံကလည်း ချစ်ဖို့ကောင်းလိုက်တာနော်

"ဆရာ ချစ်တယ်လို့ အဖြေပြန်မပေးတော့ဘူးလား?"

"အော်...အင်း..."

တွေ့လား ကြောင်တောင်တောင်နဲ့ခေါင်းတွေ ညိမ့်ပြနေတယ် ဘိုဟာလေးပါလိမ့်

"အင်း ဆိုတာ ချစ်တယ်ပေါ့နော် ဆရာလည်း ကျွန်တော့်ကိုချစ်တာလား?"

"ဟင်?ဘာ? မဟုတ်ဘူး ငါခဏသတိလွတ်သွားလို့"

"ရင်တွေခုန်လွန်းလို့ သတိတောင်လွတ်သွားတယ်ပေါ့"

"Ya မင်းဟာလေ ဆရာကို မခန့်လေးစားနဲ့ တော်ပြီ နောက်မှဆက်သင်မယ်"

အောင်မယ် သူရင်တွေခုန်ပြီး မျက်နှာတောင်ရဲနေတာကို ဒေါသထွက်ချင်ယောင် ဆောင်ပြီး ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ ထသွားတယ် ဟိ ရှက်နေတာလေးကလည်း

ကျွန်တော်လည်း အိပ်ရာပေါ်လှဲချ ခေါင်းအုန်းကြီးကိုကိုက်ပြီး ကြည်နူးနေမိတယ် သူလေးဟာလေ ဘယ်လိုတောင် ချစ်စရာကောင်းတာလား

မနက်ဖြန်အဖြေရအောင် တောင်းမှပါ သူလည်းငါ့ကိုချစ်နေတယ်ဆိုတာ သေချာနေတဲ့ ကိစ္စပဲ

ခွိ ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်ပြီး အိမ်မက်ကမ္ဘာထဲကို အလည်ရောက်သွားတယ် အိမ်မက်ထဲမှာဆရာနဲ့ ကျွန်တော်ကချစ်သူတွေ ဖြစ်ပြီးလက်ကိုတွဲကာ ပျော်ပျော်ကြီးလျှောက်သွားနေတယ်တဲ့

"Jung Kook ရေ သားလေး ထမင်းစားရအောင် ခုထိအိပ်တုန်းလား?"

Ommaရဲ့အော်သံကြောင့် ပျော်စရာအိမ်မက်လေး အဆုံးသတ်ချိန်ရောက်လာတယ် နာရီကိုကြည့်တော့ ၇နာရီတောင်ထိုးပြီ ငါဘယ်လိုတောင် အိပ်ပျော်သွားတာလဲ

အောက်ကိုဆင်းလာတော့ ဆရာကျွန်တော့်ကို သိသိသာသာရှောင်နေတယ် စကားပြောဖို့မပြောနဲ့ မျက်လုံးချင်းတောင် မဆိုင်တာ ထမင်းစားနေပုံကလည်း ထမင်းပန်းကန်ထဲ ခေါင်းဝင်တော့မယ်

Teacher Tae & Bad Boy Kook (completed)Tempat cerita menjadi hidup. Temukan sekarang