(Unicode)
(Point Of View တွေရောရေးတော့မယ် မျက်စိနောက်မှာစိုးလို့)
ကျွန်တော်ဆရာဖြစ်တာ နှစ်ရက်မြောက်တဲ့နေ့မှာပဲ အတန်းပိုင်ဆရာ ဆိုတဲ့ရာထူးကိုတန်းရသွားတယ် ဘူ့အတန်းပိုင်လဲဆိုတော့ကား ဟိုထောင့်မကျိူး ဆရာကိုမလေးစား စော်ကားနေတဲ့ ၆ယောက်ရဲ့အတန်းပိုင်ပါတဲ့ ခင်ည
စိတ်လေတယ်နော် အာ့၆ယောက်နဲ့ ဘယ်လို၇ပါးသွားရမလဲ?ဘာပဲဖြစ်ဖြစ် ကိုယ်ကဆရာပဲလေ သူတို့ကိုကြောက်နေစရာ လိုလို့လား ငါကွ ကြိုးစားထား arja arja
အတန်းထဲကို လူရှိန်သွားအောင် ရုပ်တည်နဲ့ ခပ်မြန်မြန်ဝင်လိုက်တယ် အာ့ ချောတယ်ဟ ကြမ်းပြင်က ချော် လဲ......လဲ......
မာကျောတဲ့ကြမ်းပြင်ပေါ် နောက်လန်ကျမလို ဖြစ်သွားတော့ ကိုယ့်ကိုကိုယ် သေပြီပဲ ထင်လိုက်ပေမယ့် နောက်ကတစ်ယောက်ယောက်က ထိန်းပေးထားတယ် ဟူး တော်သေးတာပေါ့ ခေါင်းကွဲမယ့်ရန်က လွတ်သွားလို့ ငါ့ကိုဘယ်သူကူညီတာပါလိမ့်
နောက်လှည့်ကြည့်လိုက်တော့ ပြုံးဖြီးဖြီးမျက်နှာနဲ့ ဟိုကိုယ်တော် Jung Kook! Aish မနက်စောစောစီးစီး ရုပ်ကိုက
"Ya ဘာလို့ငါ့ကို ကိုင်ထားတာလဲ?"
ဟုတ်တယ်လေ အခုဖြစ်နေတဲ့ပုံက ကျနော်ကနောက်ကိုလန်နေပြီး သူကကျနော့်ခါးကိုထိန်းပေးထားတယ်
ကျနော်အော်လိုက်တော့ ဟိုကိုယ်တော်ကရွဲ့ပြီး ကျနော့်ကိုယ်ကိုရှေ့တွန်းချလိုက်တယ် အဲ့တော့ ကျနော်ကားယားကြီး ရှေ့ကိုပြုတ်ကျသွားတာပေါ့ အား ရှက်လိုက်တာ အတန်းထဲကကျောင်းသားတွေက ပြုံးစိစိနဲ့ Jeon Jung Kook ဒင်းနော် မိုးလင်းတာနဲ့ ငါ့အရှက်ခွဲပြီ
"ဟီဟိ ပြုတ်ကျသွားတဲ့ ပုံလေးကိုကချစ်စရာလေးကွာ"
ပြောရင်းဆိုရင်းကျွန်တော့်ပါးကိုလှမ်းဆွဲပါ၏ ဒင်းတော့နော် ကျောင်းသားတွေရှေ့မှာ ငါ့ကိုသက်သက်အရှက်ခွဲနေတာ ငါဆရာအကြောင်းကို ကောင်းကောင်းသိစေရမယ်
"Jeon Jung Kook!!မင်းနေရာမှာ သွားထိုင်စမ်း!!"
ငါဟဲ့ Kim Tae Hyung ဆရာပါဝါနဲ့ ပိတ်ဟောက်လိုက်ပြီ မှတ်ပလား ဟွန်း ဟွန်း
VOCÊ ESTÁ LENDO
Teacher Tae & Bad Boy Kook (completed)
FanficJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...