~~~Teacher Tae & Bad Boy Kook~~~
At Everland (Taehyun's POV)
စနေပိတ်ရက်ဖြစ်သောကြောင့် လူတွေကနည်းနည်းနောနောမဟုတ်။ လက်မှတ်ဖြတ်သည့် နေရာမှာတွင် တော်တော်တန်းစီရသည်။
ဝင်ကြေးကို အသက်အကြီးဆုံး ဖြစ်သည့် ကျွန်တော်က ဒကာခံမည်ပြောပါသော်လည်း အစားတစ်လိုင်းဘောစိ Jin က၇ယောက်လုံးစာ အတွက် ရှင်းပေးသွားသည်။အထဲရောက်တော့လည်း သရေစာမုန့်တွေကို Namjoonကဝယ်ကျွေးသည်။ ဒီလိုနဲ့ အစားလေးစားရင်း ၇ယောက်သား ဟိုငေးဒီငေးလုပ်ကာ ရောက်တတ်ရာရာလျှောက်သွားကြသည်။ စကားတွေအကျယ်ကြီးပြော ရီလိုက်မောလိုက်နဲ့ တွေ့သမျှအရာ လက်ညှိုးထိုးရင်း "ဟိုဟာ မိုက်တယ်နော် ဝါး အဲ့ကိုကြည့်ဦး လှလိုက်တာ" အစရှိသဖြင့် တောသားလေးတွေ မြို့တက်လာသလို ပွက်လောရိုက်နေကြသည်။ အရုပ်ဆိုင် အဝတ်ဆိုင် လက်ဆောင်ပစ္စည်းဆိုင် ရှိသမျှဆိုင် အကုန်လျှောက်ကြည့်။ ဟိုဟာယူမလိုဒီဟာဝယ်မလို ရုပ်တည်နဲ့ နောက်ဆုံး ဘာကိုမှမဝယ်ပဲ ခပ်တည်တည် ပြန်ထွက်ခဲ့ကြသည်။
နောက်ဆုံး Magic Tree ဆိုသည့်
သစ်ပင်ကြီး ရှေ့တွင် အားလုံးစုကာ
ဓာတ်ပုံရိုက်ပြီးနောက် ဘယ်သွားမလဲ
တိုင်ပင်ကြရသည်။ နေ့လည်၁၂နာရီထိုး
ထမင်းစားချိန်ရောက်လာတာကြောင့် ပန်းခြံရှိထိုင်ခုံတွင်အရင် ထမင်းစားကြဖို့ ဆုံးဖြတ်လိုက်သည်။ ကျွန်တော်နဲ့kookယူလာသည့်ထမင်းဘူးနှင့် Jinနဲ့Namjoon ယူလာသည့် ထမင်းဘူးတို့က ၇ယောက်စာ အတွက်လုံလောက်သဖြင့် အပိုဝယ်စားစရာမလိုတော့။ တစ်စိမှမကျန်အောင် အားပါးတရစားခဲ့ကြသည်။(magic tree)
တကယ်တော့ ကျွန်တော် everlandကို ငယ်ငယ်တုန်းက တစ်ခါပဲရောက်ဖူးတာ။ အထက်တန်းကျောင်းတုန်းကတော့ scholarship ရဖို့အရေး စာမှ စာလုပ်ရသဖြင့် မသွားနိုင်ခဲ့။ တက္ကသိုလ်ရောက်တော့လည်း အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ပိုက်ဆံရှာရသဖြင့် မသွားနိုင်ခဲ့ပါ။ အခုရောက်တော့မှ သူငယ်ချင်းတွေနဲ့ လည်ရတာ ဘယ်လောက်ပျော်ဖို့ကောင်းမှန်း သိတော့သည်။ စာအုပ်ကြီးပဲကိုင်တာ တစ်ယောက်တည်း စာကျက်နေခဲ့သည့် ကိုယ့်ဘဝကို သနားမိသည်။ သူငယ်ချင်းတွေအများကြီး ထားပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ရမှာ
![](https://img.wattpad.com/cover/87041162-288-k117849.jpg)
YOU ARE READING
Teacher Tae & Bad Boy Kook (completed)
FanfictionJeon Jung Kook-Bangtan High School ကျောင်းအုပ်ဆရာမကြီးရဲ့ သားဖြစ်တာကတစ်ကြောင်း သူ့အဖေကမြို့တော်ဝန်ဖြစ်တာကတစ်ကြောင်း ကြောင့်သိပ်ကိုဆိုးသွမ်းတယ် အမေနဲ့အဖေကလည်း သူ့သားစိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားလို့ သူ့ကိုဘယ်သူမှ နိုင်တဲ့သူမရှိ ဆရာတွေကလည်း သ...